Celebrity

Covid-19 ဒုတိယ အႀကိမ္ ထပ္မံေတြ႕ရွိ ၿပီးေနာက္ လက္ရွိ က်န္းမာေရးကို ေျပာျပလာတဲ့ ေအာင္ရင္

Written by Ms Cele

Covid-19 ဒုတိယ အႀကိမ္ ထပ္မံေတြ႕ရွိ ၿပီးေနာက္ လက္ရွိ က်န္းမာေရးကို ေျပာျပလာတဲ့ ေအာင္ရင္

နုိင္ငံေက်ာ္ ေတးသံရွင္ တစ္ေယာက္ျဖစ္တဲ့ ေအာင္ရင္ ကေတာ့ ထူးျခားေလးနက္တဲ့ အသံေကာင္း တစ္ခုကို ပိုင္ဆိုင္ထားျပီး ပရိသတ္ေတြ အတြက္ သီခ်င္းေကာင္းေတြ မ်ားစြာကို သီဆိုခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ လက္ရိွ UK နိုင္ငံမွာ ေနထိုင္ေနတဲ့ ေအာင္ရင္က ျပီးခဲ့တဲ့ ရက္သတၱပတ္ အတြင္းကပဲ ဇနီးေမာင္နွံ နွစ္ေယာက္စလံုး Covid-19 ေရာဂါပိုးကူးစက္ခံခဲ့ရျပီး ဒီကေန့ မွာေတာ့ ေအာင္ရင္က စိတ္ပူေနၾကတဲ့ ပရိသတ္ေတြ အတြက္ သူ့ရဲ့ လက္ရိွ က်န္းမာေရး အေျခအေနကို အခုလိုပဲ ေျပာျပလာပါတယ္။

ေအာင္ရင္က “Covid positive ျဖစ္ၿပီး ၂ ပါတ္အၾကာမွာ ကြ်န္ေတာ္နဲ႔ေဒၚမိုးလည္း ကံေကာင္း ေထာက္မစြာ ေဆး႐ုံမေရာက္ အသက္မေပ်ာက္ပဲ ျပန္သက္သာလာ ပါတယ္ခင္ဗ်ာ။ အိုျခင္း နာျခင္း ေသျခင္း တရားမ်ားရဲ႕ နီးကပ္မႈကိုပိုျမင္ လာရပါတယ္။Covid ျဖစ္တဲ့ ေတာက္ေလွ်ာက္မွာ စိတ္ဓါတ္ကို ခိုင္မာေအာင္ အားတင္းထားပါတယ္၊ ဒီလို ေနမေကာင္းတဲ့ အေတာအတြင္းမွာ စိတ္ခြန္အားျဖစ္ေစေအာင္ ေဆးေတြ စားစရာေတြ ေမတၱာမ်ားစြာနဲ႔ လိုေလေသးမရွိ ခ်က္ျပဳတ္ ဝယ္ျခမ္းၿပီး အိမ္တိုင္ရာေရာက္ လာပို႔ေပးၾကတဲ့ ဘိလပ္ကမိတ္ေဆြ သူငယ္ခ်င္းေတြ အားလုံးကို တကယ္ အသိအမွတ္ျပဳၿပီး ေက်းဇူးတင္ေနရပါတယ္။”

“ေဖ့ဘုတ္ေပၚကေန အားလုံး ပို႔သတဲ့ ဆုေတာင္း ေမတၱာေတြေၾကာင့္ သက္သာ လာပါၿပီဗ်၊ ေက်းဇူးတင္ပါတယ္၊ လာေပးတဲ့ ေမတၱာစာေတြ စားၿပီး အျမန္ဆုံးေနျပန္ေကာင္း လာမယ္လို႔လည္း ယုံၾကည္ပါတယ္ခင္ဗ်ာ ” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ပရိသတ္ေတြ၊ မိသားစု၊ မိတ္ေဆြေတြသိရေအာင္ ေျပာလာတာပဲ ျဖစ္ပါတယ္။

ေအာင္ရင္ကေတာ့ အခုဆိုရင္ Covid-19 ေရာဂါပိုးလံုးဝ ေပ်ာက္ကြင္းသြားတာ မဟုတ္ေပမယ့္ အရင္ကထက္ အမ်ားၾကီး သက္သာလာျပီလို့ ေျပာလာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဦးေအာင္ရင္တို့ ဇနီးေမာင္နွံနွစ္ေယာက္ အျမန္ဆံုး ေရာဂါ ပိုးကင္းစင္ေစဖို့ ေမတၱာပို့ ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾက ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

Covid-19 ဒုတိယ အကြိမ် ထပ်မံတွေ့ရှိ ပြီးနောက် လက်ရှိ ကျန်းမာရေးကို ပြောပြလာတဲ့ အောင်ရင်

နိုင်ငံကျော် တေးသံရှင် တစ်ယောက်ဖြစ်တဲ့ အောင်ရင် ကတော့ ထူးခြားလေးနက်တဲ့ အသံကောင်း တစ်ခုကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေ အတွက် သီချင်းကောင်းတွေ များစွာကို သီဆိုခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိ UK နိုင်ငံမှာ နေထိုင်နေတဲ့ အောင်ရင်က ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းကပဲ ဇနီးမောင်နှံ နှစ်ယောက်စလုံး Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရပြီး ဒီကနေ့ မှာတော့ အောင်ရင်က စိတ်ပူနေကြတဲ့ ပရိသတ်တွေ အတွက် သူ့ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကို အခုလိုပဲ ပြောပြလာပါတယ်။

အောင်ရင်က “Covid positive ဖြစ်ပြီး ၂ ပါတ်အကြာမှာ ကျွန်တော်နဲ့ဒေါ်မိုးလည်း ကံကောင်း ထောက်မစွာ ဆေးရုံမရောက် အသက်မပျောက်ပဲ ပြန်သက်သာလာ ပါတယ်ခင်ဗျာ။ အိုခြင်း နာခြင်း သေခြင်း တရားများရဲ့ နီးကပ်မှုကိုပိုမြင် လာရပါတယ်။Covid ဖြစ်တဲ့ တောက်လျှောက်မှာ စိတ်ဓါတ်ကို ခိုင်မာအောင် အားတင်းထားပါတယ်၊ ဒီလို နေမကောင်းတဲ့ အတောအတွင်းမှာ စိတ်ခွန်အားဖြစ်စေအောင် ဆေးတွေ စားစရာတွေ မေတ္တာများစွာနဲ့ လိုလေသေးမရှိ ချက်ပြုတ် ဝယ်ခြမ်းပြီး အိမ်တိုင်ရာရောက် လာပို့ပေးကြတဲ့ ဘိလပ်ကမိတ်ဆွေ သူငယ်ချင်းတွေ အားလုံးကို တကယ် အသိအမှတ်ပြုပြီး ကျေးဇူးတင်နေရပါတယ်။”

“ဖေ့ဘုတ်ပေါ်ကနေ အားလုံး ပို့သတဲ့ ဆုတောင်း မေတ္တာတွေကြောင့် သက်သာ လာပါပြီဗျ၊ ကျေးဇူးတင်ပါတယ်၊ လာပေးတဲ့ မေတ္တာစာတွေ စားပြီး အမြန်ဆုံးနေပြန်ကောင်း လာမယ်လို့လည်း ယုံကြည်ပါတယ်ခင်ဗျာ ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပရိသတ်တွေ၊ မိသားစု၊ မိတ်ဆွေတွေသိရအောင် ပြောလာတာပဲ ဖြစ်ပါတယ်။

အောင်ရင်ကတော့ အခုဆိုရင် Covid-19 ရောဂါပိုးလုံးဝ ပျောက်ကွင်းသွားတာ မဟုတ်ပေမယ့် အရင်ကထက် အများကြီး သက်သာလာပြီလို့ ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဦးအောင်ရင်တို့ ဇနီးမောင်နှံနှစ်ယောက် အမြန်ဆုံး ရောဂါ ပိုးကင်းစင်စေဖို့ မေတ္တာပို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment