Celebrity

Covid-19 ေရာဂါပိုး ကူးစက္ခံခဲ့ရတဲ့ မိခင္ရဲ့က်န္းမာေရးနဲ့ ပက္သတ္ျပီး ေျပာျပလာတဲ့ ဥကၠာမင္းေမာင္

Written by Ms Cele

Covid-19 ေရာဂါပိုး ကူးစက္ခံခဲ့ရတဲ့ မိခင္ရဲ့က်န္းမာေရးနဲ့ ပက္သတ္ျပီး ေျပာျပလာတဲ့ ဥကၠာမင္းေမာင္

သရုပ္ေဆာင္ ဥကၠာမင္းေမာင္ ကေတာ့ အနုပညာအလုပ္ေတြနဲ့ အလွမ္း ေဝးသြားခဲ့ျပီး အေမရိကန္နိုင္ငံမွာ အေျခခ်ေနထိုင္ ေနခဲ့တာပဲ ျဖစ္ပါတယ္။ ဥကၠာမင္းေမာင္က သူကိုယ္တိုင္ တုိင္းတစ္ပါးကို ေရာက္ရိွေနေပမယ့္ သူခ်စ္တဲ့ မိတ္ေဆြ သူငယ္ခ်င္းေတြနဲ့ အနုပညာညီအစ္ကိုေမာင္နွမေတြအေပၚမွာလည္း သံေယာဇဥ္ၾကီးမားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ဥကၠာမင္းေမာင္က Covid-19 ေရာဂါပိုး ကူးစက္ခံခဲ့ရတဲ့ မိခင္ရဲ့က်န္းမာေရးနဲ့ ပက္သတ္ျပီး အခုလိုပဲ ေျပာျပလာပါတယ္။

“၂၈ ရက္ Ayeyarwaddy center မွာ Quarantine ​ေနၿပီး ​ေမႀကီး ဒီ​ေန႔အိမ္ျပန္လို႔ ရပါၿပီ။ အစစအရာရာ လို​ေလ​ေသးမရွိျပဳစု​ေစာင့္​ေရွာက္​ေပးခဲ့​ေသာ ဆရာဝန္မ်ား nurse မ်ားနဲ႔ ဝန္ထမ္းမ်ား Covid လူနာမ်ားအတြက္ အမ်ားအက်ိဳးကို ပဓါနထားၿပီး​ေစာင့္​ေရွာက္​ေပး​ေန​ေသာ သူမ်ား အားလုံး ကို​ေက်းဇူး​ေျပာမျပတတ္​ေအာင္တင္ပါတယ္ ခင္ဗ်ာ။ လႉခ်င္သူမ်ားလဲ သြား​ေရာက္ လႉဒါန္းလို႔ရပါတယ္။ ကြၽန္​ေတာ္ Covid ျဖစ္တုန္းက ဘာဆိုဘာမွ ​ေထြ​​ေထြထူးထူး မခံစားခဲ့ရ​ေပမယ့္ အ​ေမက်​ေတာ့ ႏွလုံး​ေရာဂါ နဲ႔ ဆီးခ်ိဳ​ေရာဂါရွိ ခံရွိ​ေနတာရယ္ လူႀကီးျဖစ္တာ လဲတပိုင္း ၁ လနီးပါးကုသလိုက္ရပါတယ္.. မ​ေပါ့ၾကပါနဲ႔။ “

“Covid ျဖစ္တဲ့သူတိုင္း အသည္းအသန္​ ေရာဂါခံစားရတာမဟုတ္ပါ။ ဘာမွမျဖစ္ဘူး ဆိုၿပီး​ေပါ့ဆျခင္းသည္ တျခားသူ​ေတြကို ​ေရာဂါ​မွ်​ေဝေပး သလိုျဖစ္ၿပီး လူႀကီး​ေတြ နဂို​ေရာဂါအခံရွိၿပီးသားသူ​ေတြ အသက္ဆုံးရႉံးတဲ့ အထိ အႏၲရယ္မ်ားပါတယ္။ ​ေရွ႕တန္းက ကုသ​ေပး ​ေန​ေသာ ဆရာဝန္မ်ား သူနာျပဳမ်ားလဲ ပင္ပန္းၾကရပါတယ္။ ​ေမႀကီး အိမ္ျပန္ရၿပီဆို​ေတာ့ စိတ္​ေအးရပါၿပီ။ ႏွစ္သစ္မွာအားလုံး က်န္းမာခ်မ္းသာ ၾကပါ​​ေစ..” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္ စာမ်က္နွာမွာ ေျပာလာတာပဲ ျဖစ္ပါတယ္။

ဥကၠာမင္းေမာင္ ကေတာ့ သူကိုယ္တိုင္လည္း Covid-19 ပိုးကူးစက္ ခဲ့ရေပမယ့္ ဘာမွာသိပ္ေထြေထြ ထူးထူးမခံစားခဲ့ရကာ နွလံုးေရာဂါ၊ ဆီးခ်ိဳေရာဂါအခံ ေတြရိွတဲ့ မိခင္ၾကီး ေရာဂါပိုးကူးစက္ခံခဲ့ရခ်ိန္မွာေတာ့ အေဝးတစ္ေနရာ ကေန စိတ္ပူခဲ့ရတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို ႔ဆုေတာင္းေပး လိုက္ပါတယ္။

Source: Okkar Min Maung ‘s fb
Credit:Cele Connections

Covid-19 ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ မိခင်ရဲ့ကျန်းမာရေးနဲ့ ပက်သတ်ပြီး ပြောပြလာတဲ့ ဥက္ကာမင်းမောင်

သရုပ်ဆောင် ဥက္ကာမင်းမောင် ကတော့ အနုပညာအလုပ်တွေနဲ့ အလှမ်း ဝေးသွားခဲ့ပြီး အမေရိကန်နိုင်ငံမှာ အခြေချနေထိုင် နေခဲ့တာပဲ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်က သူကိုယ်တိုင် တိုင်းတစ်ပါးကို ရောက်ရှိနေပေမယ့် သူချစ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အနုပညာညီအစ်ကိုမောင်နှမတွေအပေါ်မှာလည်း သံယောဇဉ်ကြီးမားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဥက္ကာမင်းမောင်က Covid-19 ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ မိခင်ရဲ့ကျန်းမာရေးနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောပြလာပါတယ်။

“၂၈ ရက် Ayeyarwaddy center မှာ Quarantine ​နေပြီး ​မေကြီး ဒီ​နေ့အိမ်ပြန်လို့ ရပါပြီ။ အစစအရာရာ လို​လေ​သေးမရှိပြုစု​စောင့်​ရှောက်​ပေးခဲ့​သော ဆရာဝန်များ nurse များနဲ့ ဝန်ထမ်းများ Covid လူနာများအတွက် အများအကျိုးကို ပဓါနထားပြီး​စောင့်​ရှောက်​ပေး​နေ​သော သူများ အားလုံး ကို​ကျေးဇူး​ပြောမပြတတ်​အောင်တင်ပါတယ် ခင်ဗျာ။ လှူချင်သူများလဲ သွား​ရောက် လှူဒါန်းလို့ရပါတယ်။ ကျွန်​တော် Covid ဖြစ်တုန်းက ဘာဆိုဘာမှ ​ထွေ​​ထွေထူးထူး မခံစားခဲ့ရ​ပေမယ့် အ​မေကျ​တော့ နှလုံး​ရောဂါ နဲ့ ဆီးချို​ရောဂါရှိ ခံရှိ​နေတာရယ် လူကြီးဖြစ်တာ လဲတပိုင်း ၁ လနီးပါးကုသလိုက်ရပါတယ်.. မ​ပေါ့ကြပါနဲ့။ “

“Covid ဖြစ်တဲ့သူတိုင်း အသည်းအသန်​ ရောဂါခံစားရတာမဟုတ်ပါ။ ဘာမှမဖြစ်ဘူး ဆိုပြီး​ပေါ့ဆခြင်းသည် တခြားသူ​တွေကို ​ရောဂါ​မျှ​ဝေပေး သလိုဖြစ်ပြီး လူကြီး​တွေ နဂို​ရောဂါအခံရှိပြီးသားသူ​တွေ အသက်ဆုံးရှူံးတဲ့ အထိ အန္တရယ်များပါတယ်။ ​ရှေ့တန်းက ကုသ​ပေး ​နေ​သော ဆရာဝန်များ သူနာပြုများလဲ ပင်ပန်းကြရပါတယ်။ ​မေကြီး အိမ်ပြန်ရပြီဆို​တော့ စိတ်​အေးရပါပြီ။ နှစ်သစ်မှာအားလုံး ကျန်းမာချမ်းသာ ကြပါ​​စေ..” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပါတယ်။

ဥက္ကာမင်းမောင် ကတော့ သူကိုယ်တိုင်လည်း Covid-19 ပိုးကူးစက် ခဲ့ရပေမယ့် ဘာမှာသိပ်ထွေထွေ ထူးထူးမခံစားခဲ့ရကာ နှလုံးရောဂါ၊ ဆီးချိုရောဂါအခံ တွေရှိတဲ့ မိခင်ကြီး ရောဂါပိုးကူးစက်ခံခဲ့ရချိန်မှာတော့ အဝေးတစ်နေရာ ကနေ စိတ်ပူခဲ့ရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုတောင်းပေး လိုက်ပါတယ်။

Source: Okkar Min Maung ‘s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment