Celebrity


Written by Ms Cele






Covid-19 ရောဂါပိုး ကူးစက်ခံ နေရပြီဖြစ်ကြောင်း သိရတဲ့ နေလင်း

နိုင်ငံကျော် ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင်ဖြစ်တဲ့ သရုပ်ဆောင်နေလင်း ကတော့ ဇာတ်ပို့ တစ်ယောက်ပီပီ ရုပ်ရှင်၊ ဗီဒီယို၊ ဇာတ်လမ်းတွဲ၊ ကြော်ငြာစတဲ့ အနုပညာ လှုပ်ရှားမှုတွေမှာ ကျရာဇာတ် ကောင်အတိုင်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင် သူတစ်ယောက် ဖြစ်ပါတယ်။ နေလင်းကတော့ အနုပညာ လောကမှာ ဒီနေ့ဒီအချိန်ထိ ကျင်လည်ရင်း တစ်နိုင်ငံလုံး က ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလက်ခံ ထားနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့ နိုဝင်ဘာလ (၂၄) ရက်နေ့မှာတော့ နေလင်းက သူ့ရဲ့ ဝမ်းနည်း စိတ်မကောင်းစရာ သတင်းကို ပရိသတ်တွေဆီ ပြောပြ လာပါတယ်။ နေလင်းက ဧရာဝတီစင်တာမှာ ဆေးသွားစစ်ရင်း Covid-19 Positive ဖြစ်ရင်း သိခဲ့ရတဲ့ အကြောင်းကို “P သွားပါတယ် Fighting Me” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးလာတာပဲ ဖြစ်ပါတယ်။

နေလင်းရဲ့ သတင်း အတွက် ပရိသတ်တွေက စိတ်မကောင်း ကြသလို အနုပညာအသိုင်းအဝိုင်းတစ်ခုလုံး ကလည်း အားပေး စကားပြောနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း နေလင်းတစ်ယောက် အမြန်ဆုံး နေကောင်းသက်သာ ပါစေလို ့ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment