Celebrity


Written by Ms Cele





Credit:Cele Gabar

December လ (၁) ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့လေးမှာ လက်ဆောင်တွေ အများကြီး ရခဲ့တဲ့အကြောင်း ပြောပြလာတဲ့ နန်းသူဇာ

ပရိသတ်အချစ်တော် မော်ဒယ်လ် မင်းသမီးချောလေး နန်းသူဇာ တစ်ယောက် ကတော့ December လ (၁) ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့လေးမှာ လက်ဆောင်တွေ အများကြီးရခဲ့တဲ့ အကြောင်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။ ချစ်သူခင်သူ တွေရဲ့ အမှတ်တရမွေးနေ့ လက်ဆောင်လေး တွေကြောင့် ကျေးဇူးတင်ရှိကြောင်းကိုလည်း သူမရဲ့လူမှုကွန်ရက် စာမျက်နှာထက်မှာ ရေးသားခဲ့ပါတယ် ။

ဒီနှစ်ရတဲ့ မွေးနေ့လက်ဆောင် လေးတွေ ဆိုတဲ့စာသားလေး နဲ့အတူ သူမရရှိခဲ့တဲ့ လက်ဆောင်တွေ အများကြီး ဖေ့ဘုတ်စ် စာမျက်နှာထက်မှာ ဖော်ပြခဲ့ တာပဲဖြစ်ပါတယ် ။ လက်ဆောင် လေးတွေ သတိတရနဲ့ ပို့ပေးတဲ့ မိတ်ဆွေ သူငယ်ချင်း အားလုံး ချစ်ရတဲ့ ပရိတ်သတ်တွေနဲ့ အလုပ်တွဲလုပ် ခဲ့ဖူးသော Company များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင့် အရမ်းပျော်ရပါတယ် ဆိုတဲ့စာသားလေးနဲ့ အတူ လက်ဆောင်ပေးတဲ့ သူတွေကို ကျေးဇူးတင်စကားဆို ထားပါသေးတယ် ။

အနုပညာညီအစ်ကို မောင်နှမတွေနဲ့ သူမကိုချစ်တဲ့ အနယ်နယ် အရပ်ရပ်က ပရိသတ်တွေ ကလည်း မွေးနေ့ ဆုမွန်ကောင်းတွေ အများကြီးပေး ခဲ့ကြတာတွေ့ရပါတယ် ။ နန်းသူဇာလည်း မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာထိ ပရိသတ်တွေရဲ့ အချစ်တွေကို အများကြီးရတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော် ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment