Celebrity

Doha ကိုမသွားခင်မှာ ကိုရီးယားကိုဖြတ်ရင်းနဲ့လေဆိပ်က ကစားကွင်းကိုမြင်လိုက်ရလို့ သမီးကြီးမြမိုးဂင်္ဂါကို သတိရသွားမိကြောင်း ပြောပြလာတဲ့ ချမ်းချမ်း

Written by Ms Cele

Doha ကိုမသွားခင်မှာ ကိုရီးယားကိုဖြတ်ရင်းနဲ့လေဆိပ်က ကစားကွင်းကိုမြင်လိုက်ရလို့ သမီးကြီးမြမိုးဂင်္ဂါကို သတိရသွားမိကြောင်း ပြောပြလာတဲ့ ချမ်းချမ်း




Credit:Swelsone News

Doha ကိုမသွားခင်မှာ ကိုရီးယားကိုဖြတ်ရင်းနဲ့လေဆိ်ပ်က ကစားကွင်းကိုမြင်လိုက်ရလို့ သမီးကြီးမြမိုးဂင်္ဂါကို သတိရသွားမိကြောင်း ပြောပြလာတဲ့ ချမ်းချမ်း

အဆိုတော် ချမ်းချမ်း ကတော့ ထူးခြားတဲ့အသံပါဝါကို ပိုင်ဆိုင်ထားပြီး သီချင်းတွေကို ခံစားချက် အပြည့်နဲ့ သီဆိုတတ်တာ ဖြစ်ပါတယ် ။ ချမ်းချမ်းရဲ့ အသံလေးက နားဝင်ချိုပြီး နားထောင်လို့ကောင်း တာကြောင့် ပရိသတ်တွေက သဘောကျနှစ်ခြိုက်ကြတာ ဖြစ်ပါတယ် ။ ချမ်းချမ်းသီဆို ခဲ့တဲ့ တေးသီချင်းတွေ တော်တော်များများ ကလည်း ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားပြီး အောင်မြင်နေလေ့ရှိတာပဲ ဖြစ်ပါတယ် ။

အခုဆိုရင် ချမ်းချမ်းက ကိုယ်ဝန်လွယ် ထားရတာဖြစ်ပြီး မကြာခင်မှာပဲ ကလေးနှစ်ယောက် မေမေဘဝကို ရောက်ရှိတော့မှာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ချမ်းချမ်းက သူမရဲ့ရင်သွေးလေးကို မွေးဖွားဖို့ အတွက် အီတလီနိုင်ငံကို တစ်ယောက်တည်းခရီးထွက် လာခဲ့တာ ဖြစ်ပါတယ် ။ လေယာဉ်တွေအဆင့်အဆင့်စီးပြီး ခရီးဆက်နေတဲ့ ချမ်းချမ်းက သူမရဲ့လှုပ်ရှားမှုတွေ အားလုံးကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း ချမ်းချမ်းက သမီးကြီးဂင်္ဂါကိုသတိရနေကြောင်း ဖွင့်ဟထားတာ ဖြစ်ပါတယ် ။

ချမ်းချမ်းက “Before flight to Doha…going around the duty free and kids play ground …I miss my baby ginngar! Goodbye Korea..I m coming Doha! Be positive..be strong.” ဆိုပြီး ပုံလေးတွေနဲ့ အတူ တင်ထားတာ ဖြစ်ပါတယ် ။ ချမ်းချမ်းရေး သားထားတာကတော့ Doha ကိုမသွားခင်မှာ ကိုရီးယားကိုဖြတ်ရင်းနဲ့ လေဆိပ်က ကစားကွင်းလေးကို မြင်လိုက်ရလို့ သမီးကြီးမြမိုးဂင်္ဂါကို သတိရသွားမိကြောင်း ပြောပြထားတာပဲ ဖြစ်ပါတယ် ။ ကဲ အီတလီကိုရောက်ရှိဖို့ အတွက် Doha ကိုခရီးဆက်နေတဲ့ ချမ်းချမ်းရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Credit:Swelsone News

About the author

Ms Cele

Leave a Comment