Celebrity


Written by Ms Cele





Credit:Cele Zone
Source:Yoon Yoon

Double Datingအဖွဲ့နဲ့အတူ ခရီးတိုလေးထွက်ရင်း ကားပေါ်မှာစနောက်ကာ မျက်နှာတွေပြောင်နေကြတဲ့ ပျော်ရွှင်စရာ ဗီဒီယိုလေးကို မျှဝေလာတဲ့ ယွန်းယွန်း

ပြုံးလိုက်တိုင်းပေါ်လာတဲ့ ပါးချိုင့်လေးနဲ့ မင်းသမီးချောလေး ယွန်းယွန်းကတော့ မသိသူမရှိလောက်အောင်ပါပဲနော် ။ကလေးဘဝအရွယ်ကတည်းက အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့တဲ့ ယွန်းယွန်းက အခုဆိုရင် ပရိသတ်တွေအခိုင်အမာ ရရှိနေတာလည်းဖြစ်ပါတယ်။ ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင် ကြီးပြင်းလာခဲ့တဲ့ ယွန်းက တစ်နေ့တစ်ခြား ပိုပြီးလှသွေးကြွယ်လာတာ ဖြစ်ပါတယ်။

ယွန်းယွန်းကတော့ တစ်နေ့တစ်ခြားလည်း ပိုပိုလှလာပြီး နုပျိုလန်းဆန်းနေတဲ့အလှတရားတွေက မိန်းကလေး အချင်းချင်းတောင်ငေးမောနေရ တာလည်းဖြစ်ပါတယ်။သူမရဲ့မဟာဆန်တဲ့ဆံနွယ်ရှည်ကြီးကလည်း အရမ်းကျက်သရေရှိပြီး ပရိသတ်တွေ သဘောကျကြိုက်နှစ်သက်နေရတဲ့ အချက်တစ်ချက်ဆိုလည်းမမှားပါဘူးနော်။

လတ်တလောမှာဆိုရင် ယွန်းယွန်းက စည်သူဝင်း ၊ အောင်မင်းခန့်၊သဇင်ထူးမြင့်တို့နဲ့အတူ Double Datingအစီအစဉ်လေးမှာ ပါဝင်နေကြတာပဲဖြစ်ပါတယ်။အခုလည်း DD အဖွဲ့နဲ့အတူ ခရီးတိုလေးထွက်ရင်း ကားပေါ်မှာစနောက်ကာမျက်နှာတွေပြောင်နေကြတဲ့ ပျော်ရွှင်စရာဗီဒီယိုလေးကို မိုင်ဒေးလေးမှာ ဝေမျှထားတာတွေ့ရပါတယ်။ ဗီဒီယိုလေးကြည့်ပြီး ကိုယ်ပါအပျော်တွေ ကူးစက်မိသလို လိုက်ဖက်ပြီး အကုန်ချစ်စရာကောင်းလွန်းတာ အမှန်ပါပဲနော်။ ပရိသတ်ကြီးလည်း ယွန်းတို့ရဲ့ ဗီဒီယိုလေးကိုကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Credit:Cele Zone
Source:Yoon Yoon

About the author

Ms Cele

Leave a Comment