Celebrity

Examplez ႏွစ္ (၂၀) ျပည့္ပြဲနဲ႕ ပတ္သက္ၿပီး ႏိုင္ငံေက်ာ္ မင္းသားေတြရဲ႕ ေဆးထိုး စေနာက္မႈကို ခံခဲ့ရတဲ့ ထြန္းထြန္း

Written by Ms Cele

Examplez ႏွစ္ (၂၀) ျပည့္ပြဲနဲ႕ ပတ္သက္ၿပီး ႏိုင္ငံေက်ာ္ မင္းသားေတြရဲ႕ ေဆးထိုး စေနာက္မႈကို ခံခဲ့ရတဲ့ ထြန္းထြန္း

ႏိုင္ငံေက်ာ္ မင္းသား ေခ်ာေတြျဖစ္တဲ့ မင္းေမာ္ကြန္း၊ ထြန္းထြန္း၊ ေက်ာ္ေက်ာ္ဗိုလ္နဲ႔ ခင္လႈိင္တို႔ ကေတာ့ အႏုပညာ သက္တမ္း ၾကာျမင့္လာတာ နဲ႔အမွ် ႐ုပ္ရွင္ဇာတ္ကားေတြ အတူတူ တြဲဖက္ ႐ိုက္ကူးခဲ့ၾကသလို တစ္ေယာက္နဲ႔ တစ္ေယာက္ ညီအစ္ကို အရင္းလို ခ်စ္ခင္ၾက တာပဲ ျဖစ္ပါတယ္။ တူညီတဲ့ အႏုပညာနယ္ပယ္ ထဲမွာ က်င္လည္ ေနၾကသူေတြပီပီ တစ္ေယာက္ကို တစ္ေယာက္ အၿမဲတမ္း အားေပးဝန္းရံ ေလ့ရွိၾကတဲ့ မင္းသားေတြက ဒီတစ္ခါမွာလည္း ထြန္းထြန္း ရဲ႕ Examplez ႏွစ္ (၂၀) ျပည့္ပြဲကို ဝန္းရံေပး ေနၾကတာပဲ ျဖစ္ပါတယ္။

သူငယ္ခ်င္း အရင္းႀကီးေတြပီပီ တစ္ေယာက္ကို တစ္ေယာက္ အၿမဲတမ္း စေနာက္ရွိၾက ေလ့ရွိတဲ့ မင္းသား ေတြက ထြန္းထြန္းကို ဝိုင္းၿပီး စေနာက္ေနၾကတာပဲ ျဖစ္ပါတယ္။ ေက်ာ္ေက်ာ္ဗိုလ္က ထြန္းထြန္းရဲ႕ Examplez ႏွစ္ (၂၀) ျပည့္ပြဲကို “ဒီပြဲေတာ့လြတ္လို ႔မရပါဘူးေနာ္။ ကိုယ္ ၅ တန္းထဲကအားေပးခဲ့ရတဲ့ အဖြဲ႕ျဖစ္ေနလို႔ပါ” လို့စေနာက္ခဲ့ျပီး မင္းေမာ္ကြန္း၊ ခင္လႈိင္တို့ကလည္း ေက်ာ္ေက်ာ္ဗိုလ္ေနာက္ ကေန လိုက္ျပီး ထြန္းထြန္းကို စေနာက္က်ီစယ္ေနၾကတာကို အခုလိုပဲ ေတြ့ရပါတယ္။

ထြန္းထြန္း ကေတာ့ အစ္ကိုေတြရဲ့ စေနာက္မႈေၾကာင့္ ဘာေျပာရမွန္း မသိေအာင္ ေအာင့္သက္သက္ျဖစ္ေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီး လည္း ေက်ာ္ေက်ာ္ဗုိလ္၊ မင္းေမာ္ကြန္းနဲ့ ခင္လိႈင္တုိ့ ဝန္းရံေပးေနၾကတဲ့ ထြန္းထြန္းရဲ့ Examplez ႏွစ္ (၂၀) ျပည့္ပြဲကို မနက္ျဖန္ ဒီဇင္ဘာလ (၄) ရက္ေန့ ညေန (၇) နာရီမွာ ေစာင့္ၾကည့္ အားေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

Examplez နှစ် (၂၀) ပြည့်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံကျော် မင်းသားတွေရဲ့ ဆေးထိုး စနောက်မှုကို ခံခဲ့ရတဲ့ ထွန်းထွန်း

နိုင်ငံကျော် မင်းသား ချောတွေဖြစ်တဲ့ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ကျော်ကျော်ဗိုလ်နဲ့ ခင်လှိုင်တို့ ကတော့ အနုပညာ သက်တမ်း ကြာမြင့်လာတာ နဲ့အမျှ ရုပ်ရှင်ဇာတ်ကားတွေ အတူတူ တွဲဖက် ရိုက်ကူးခဲ့ကြသလို တစ်ယောက်နဲ့ တစ်ယောက် ညီအစ်ကို အရင်းလို ချစ်ခင်ကြ တာပဲ ဖြစ်ပါတယ်။ တူညီတဲ့ အနုပညာနယ်ပယ် ထဲမှာ ကျင်လည် နေကြသူတွေပီပီ တစ်ယောက်ကို တစ်ယောက် အမြဲတမ်း အားပေးဝန်းရံ လေ့ရှိကြတဲ့ မင်းသားတွေက ဒီတစ်ခါမှာလည်း ထွန်းထွန်း ရဲ့ Examplez နှစ် (၂၀) ပြည့်ပွဲကို ဝန်းရံပေး နေကြတာပဲ ဖြစ်ပါတယ်။

သူငယ်ချင်း အရင်းကြီးတွေပီပီ တစ်ယောက်ကို တစ်ယောက် အမြဲတမ်း စနောက်ရှိကြ လေ့ရှိတဲ့ မင်းသား တွေက ထွန်းထွန်းကို ဝိုင်းပြီး စနောက်နေကြတာပဲ ဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်က ထွန်းထွန်းရဲ့ Examplez နှစ် (၂၀) ပြည့်ပွဲကို “ဒီပွဲတော့လွတ်လို ့မရပါဘူးနော်။ ကိုယ် ၅ တန်းထဲကအားပေးခဲ့ရတဲ့ အဖွဲ့ဖြစ်နေလို့ပါ” လို့စနောက်ခဲ့ပြီး မင်းမော်ကွန်း၊ ခင်လှိုင်တို့ကလည်း ကျော်ကျော်ဗိုလ်နောက် ကနေ လိုက်ပြီး ထွန်းထွန်းကို စနောက်ကျီစယ်နေကြတာကို အခုလိုပဲ တွေ့ရပါတယ်။

ထွန်းထွန်း ကတော့ အစ်ကိုတွေရဲ့ စနောက်မှုကြောင့် ဘာပြောရမှန်း မသိအောင် အောင့်သက်သက်ဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်းနဲ့ ခင်လှိုင်တို့ ဝန်းရံပေးနေကြတဲ့ ထွန်းထွန်းရဲ့ Examplez နှစ် (၂၀) ပြည့်ပွဲကို မနက်ဖြန် ဒီဇင်ဘာလ (၄) ရက်နေ့ ညနေ (၇) နာရီမှာ စောင့်ကြည့် အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment