Celebrity

Facebook ျပန္စသုံးတဲ့ေန႔မွာပဲ အသိမိတ္ေဆြေတြ ဆုံးပါးသြားတဲ့သတင္းကို တင္ရတဲ့အတြက္ ယူၾကဳံးမရဝမ္းနည္းေနတဲ့အေၾကာင္း ေျပာျပလာတဲ့ ေအသင္ခ်ိဳေဆြ

Written by Ms Cele

Facebook ျပန္စသုံးတဲ့ေန႔မွာပဲ အသိမိတ္ေဆြေတြ ဆုံးပါးသြားတဲ့သတင္းကို တင္ရတဲ့အတြက္ ယူၾကဳံးမရဝမ္းနည္းေနတဲ့အေၾကာင္း ေျပာျပလာတဲ့ ေအသင္ခ်ိဳေဆြ

ပရိတ္သတ္ႀကီးေရ….ဒီရက္ပိုင္းေတြမွာ ကိုဗစ္ကပ္ေရာဂါဆိုး က်ိဳးေတြေၾကာင့္ အသက္အႏၲရာယ္ ဆုံးရႈံးရသူေတြ မ်ားစြာ ရွိေနၾကပါတယ္ေနာ္။ ကြယ္လြန္သြားသူ မ်ားအား လူမႈ ေရး အရေတာင္နာေရး လိုက္ပို႔ခြင့္မရတဲ့ အေျခအေနဟာ ေတာ္ေတာ္ေလးကို ဝမ္းနည္းစရာေကာင္းလွပါတယ္။ ဒီအေျခအေနဆိုးႀကီး ကို အျမန္ဆုံးၿပီး ဆုံးသြားေစဖို႔ ျပည္သူမ်ားအားလုံးက ဆုေတာင္းေနၾကတာ ျဖစ္ပါတယ္။

အဆိုေတာ္ ေအသင္ခ်ိဳေဆြ ကလည္း Facebook ျပန္စသုံးတဲ့ေန႔မွာပဲ အသိမိတ္ေဆြေတြ ဆုံးပါးသြား တာတဲ့ သတင္းကို တင္ရတဲ့အတြက္ ယူၾကဳံးမရ ဝမ္းနည္းေနတဲ့အေၾကာင္းကို သူမရဲ့ လူမႈကြန္ယက္တြင္ေရးသား ထားပါတယ္။သူမ အရမ္းခ်စ္ရတဲ့ မိတ္ေဆြတစ္ဦး ဆုံးပါးသြားတာကို မိခင္ျဖစ္သူက ေျပာျပေသာ္လည္း အခုထိ မယုံနိုင္ေသးတဲ့အေၾကာင္းကို ရင္ဖြင့္ေရးသားထားပါတယ္။ ကိုယ့္ပတ္ဝန္းက်င္က ခ်စ္ခင္ရတဲ့သူေတြကို ဆုံးရႈံးရတဲ့အတြက္ စိတ္ထဲမွာ အေတာ္ေလးကို ဝမ္းနည္းခံစားေနရၿပီး ဘယ္လိုမွ အဆင္မေျပျဖစ္ေနေၾကာင္း ကိုလည္း ေျပာျပထားပါတယ္။

ေအသင္ဟာ လူထုလႈပ္ရွားမႈ မ်ားတြင္ တက္ႂကြစြာပါဝင္ခဲ့ တာေၾကာင့္ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆို ခံထားရၿပီး မၾကာခင္မွာဘဲ ဖမ္းဆီးထိန္းသိမ္းခံ ခဲ့ရတာ ျဖစ္ပါတယ္။ အက်ဥ္းေထာင္ ထဲတြင္ ရက္အနည္းငယ္ ေနထိုင္ခဲ့ရၿပီး ျပန္လည္ လြတ္ေျမာက္လာ ခဲ့ေပမယ့္လည္း ဆိုရွယ္မီဒီယာမ်ား အသုံးမျပဳဘဲ အခ်ိန္အေတာ္ၾကာ ေနေနခဲ့တာပါ။Facebook ျပန္စသုံးျဖစ္တဲ့ေန႔မွာပဲ သူမရဲ့အေကာင့္တြင္ အခုလို နာေရးသတင္းေဝမၽွေပး ခဲ့ရတာကို စိတ္မေကာင္းျဖစ္ခဲ့ရတာပါ။ ျပည္သူေတြ အားလုံးလည္း ကပ္ေရာဂါဆိုးႀကီးကေန အျမန္ဆုံးကင္းလြတ္ ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပး လိုက္ ရပါတယ္။

Source and Photo Crd-Athen Cho Swe’s Facebook Account
Credit ; MMLoad

Facebook ပြန်စသုံးတဲ့နေ့မှာပဲ အသိမိတ်ဆွေတွေ ဆုံးပါးသွားတဲ့သတင်းကို တင်ရတဲ့အတွက် ယူကြုံးမရဝမ်းနည်းနေတဲ့အကြောင်း ပြောပြလာတဲ့ အေသင်ချိုဆွေ

ပရိတ်သတ်ကြီးရေ….ဒီရက်ပိုင်းတွေမှာ ကိုဗစ်ကပ်ရောဂါဆိုး ကျိုးတွေကြောင့် အသက်အန္တရာယ် ဆုံးရှုံးရသူတွေ များစွာ ရှိနေကြပါတယ်နော်။ ကွယ်လွန်သွားသူ များအား လူမှု ရေး အရတောင်နာရေး လိုက်ပို့ခွင့်မရတဲ့ အခြေအနေဟာ တော်တော်လေးကို ဝမ်းနည်းစရာကောင်းလှပါတယ်။ ဒီအခြေအနေဆိုးကြီး ကို အမြန်ဆုံးပြီး ဆုံးသွားစေဖို့ ပြည်သူများအားလုံးက ဆုတောင်းနေကြတာ ဖြစ်ပါတယ်။

အဆိုတော် အေသင်ချိုဆွေ ကလည်း Facebook ပြန်စသုံးတဲ့နေ့မှာပဲ အသိမိတ်ဆွေတွေ ဆုံးပါးသွား တာတဲ့ သတင်းကို တင်ရတဲ့အတွက် ယူကြုံးမရ ဝမ်းနည်းနေတဲ့အကြောင်းကို သူမရဲ့ လူမှုကွန်ယက်တွင်ရေးသား ထားပါတယ်။သူမ အရမ်းချစ်ရတဲ့ မိတ်ဆွေတစ်ဦး ဆုံးပါးသွားတာကို မိခင်ဖြစ်သူက ပြောပြသော်လည်း အခုထိ မယုံနိုင်သေးတဲ့အကြောင်းကို ရင်ဖွင့်ရေးသားထားပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က ချစ်ခင်ရတဲ့သူတွေကို ဆုံးရှုံးရတဲ့အတွက် စိတ်ထဲမှာ အတော်လေးကို ဝမ်းနည်းခံစားနေရပြီး ဘယ်လိုမှ အဆင်မပြေဖြစ်နေကြောင်း ကိုလည်း ပြောပြထားပါတယ်။

အေသင်ဟာ လူထုလှုပ်ရှားမှု များတွင် တက်ကြွစွာပါဝင်ခဲ့ တာကြောင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို ခံထားရပြီး မကြာခင်မှာဘဲ ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ရတာ ဖြစ်ပါတယ်။ အကျဉ်းထောင် ထဲတွင် ရက်အနည်းငယ် နေထိုင်ခဲ့ရပြီး ပြန်လည် လွတ်မြောက်လာ ခဲ့ပေမယ့်လည်း ဆိုရှယ်မီဒီယာများ အသုံးမပြုဘဲ အချိန်အတော်ကြာ နေနေခဲ့တာပါ။Facebook ပြန်စသုံးဖြစ်တဲ့နေ့မှာပဲ သူမရဲ့အကောင့်တွင် အခုလို နာရေးသတင်းဝေမျှပေး ခဲ့ရတာကို စိတ်မကောင်းဖြစ်ခဲ့ရတာပါ။ ပြည်သူတွေ အားလုံးလည်း ကပ်ရောဂါဆိုးကြီးကနေ အမြန်ဆုံးကင်းလွတ် ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေး လိုက် ရပါတယ်။

Source and Photo Crd-Athen Cho Swe’s Facebook Account
Credit ; MMLoad

About the author

Ms Cele

Leave a Comment