Celebrity


Written by Ms Cele





Credit:Swelsone News

GYM ဆော့ပြီး လမ်းမလျှောက်နိုင်ဖြစ်နေလို့ လှေကားပေါ်ကတောင် ထိုင်လျက်သား ဆင်းရတဲ့ သူ့ရဲ့အဖြစ်ကို ပြသလာတဲ့ မိုးအောင်ရင်

မင်းသားချောလေး မိုးအောင်ရင် ကတော့ တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထား သလို ခန္ဓာကိုယ် အချိုးအစားကလည်း အင်မတန်ယောက်ျား ပီသနေတာ ဖြစ်ပါတယ် ။ မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံအားပေး မှုကို ပိုမိုရရှိထားတဲ့ မိုးအောင်ရင်က ဇာတ်ကားတွေ အများအပြားရိုက်ကူးပြီး အနုပညာ အလုပ်တွေကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ အနုပညာလောကနဲ့ အချိန်အတော်ကြာဝေးကွာ ခဲ့တဲ့ မိုးအောင်ရင်က အခုဆိုရင် စိတ်သစ်လူသစ်နဲ့ အလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ် ။

မိုးအောင်ရင်က အနုပညာ အလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးအဖြစ် အရသာရှိတဲ့ အသုပ်စုံကို ရောင်းချနေ တာလည်း ဖြစ်ပါတယ် ။ လတ်တလော မှာတော့ မိုးအောင်ရင်က ယောက်ျားပီသတဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းနိုင်ဖို့ လေ့ကျင့်ခန်းတွေ ကြိုးစားပမ်းစား လုပ်ဆောင်နေတာ ဖြစ်ပါတယ် ။ အခုလည်း မိုးအောင်ရင်တစ်ယောက် ခန္ဓာကိုယ် အောက်ပိုင်းရှိခြေထောက်ကြွက်သားတွေ ကြံ့ခိုင်စေဖို့ လေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်ရင်း လမ်းတောင်မလျှောက်နိုင်အောင် ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

မိုးအောင်ရင်က “After Extreme Leg Day”ဆိုပြီး လှေကားပေါ်ကတောင် ထိုင်လျက်သား ဆင်းနေရတဲ့ သူ့ရဲ့အခြေအနေကို ဗီဒီယိုဖိုင်လေးနဲ့ပြသလိုက်တာ ဖြစ်ပါတယ် ။ မိုးအောင်ရင် ကတော့ အပေါ်ကနေအောက် ကိုတောင် မနည်းကိုင်ဆင်းနေရပြီး ထိုင်ဖို့ အတွက် တစ်လှမ်းချင်းစီ ဖြေးဖြေးသာသာလေးလျှောက် နေရတာပဲ ဖြစ်ပါတယ် ။ ကဲ GYM ဆော့ပြီး လမ်းမလျှောက်နိုင် ဖြစ်နေတဲ့ မိုးအောင်ရင်ရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Credit:Swelsone News

About the author

Ms Cele

Leave a Comment