Celebrity


Written by Ms Cele





Source: Zay Ye Htet ‘s fb
#Crd

HD ထွက်တယ် ဆိုတဲ့ အပေါ် ပြတ်ပြတ် သားသား ဖြေ ရှင်း လိုက် တဲ့ ဇေရဲထက်

ပရိတ်သတ်ကြီးရေ နိုင်ငံကျော် သရုပ်ဆောင် ဇေရဲထက်ကတော့ သရုပ်ဆောင် ကောင်းတဲ့ အပြင် စကားပြောပွင့်လင်းသူ တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်း ကို ခံရစမြဲ ဖြစ်ပါတယ်။ ဇေရဲထက် ကတော့ နယ်မြို့လေးကနေ လာတဲ့ မင်းသား တစ်ယောက်ပီပီ ရင်ထဲမှာ ရှိတာကို သိုဝှက်ထားခြင်း မရှိတဲ့ ဇေရဲထက်ရဲ့ အပြူအမူက ပရိသတ်တွေ ချစ်ရတဲ့ အချက် တစ်ချက် ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဇေရဲထက်က အနုပညာ အလုပ်တွေ နဲ့ အလှမ်းဝေး သွားပေမယ့် ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင် အဖြစ် ဆက်လက်ရပ်တည် နေဆဲ ဖြစ်ပါတယ်။

အောင်မြင်ပြီး လူတကာ အာရုံစိုက်ခံ ရတဲ့ မင်းသားတစ်လက်ပီပီ ဝေဖန်မှုတွေကို အမြဲတမ်းခံရလေ့ ရှိတဲ့ ဇေရဲထက်က ဒီကနေ့မှာလည်း ညစ်ညမ်းဇာတ်လမ်း ထွက်ရှိတယ်ဆိုတဲ့ ကောလဟာလကို ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဇေရဲထက်ရဲ့အချစ်ရေး ကို ဖော်ထုတ်ခဲ့တဲ့ ဟန်ငြိမ်းဦးအကောင့် ပိုင်ရှင်က ထိုဗီဒီယိုက ဇေရဲထက် မဟုတ်ကြောင်း ဖြေရှင်းပေးခဲ့တာကြောင့် “ကွီး Han Nyein oo ကယ်ပေးလို့ ငါ့ဘဝနွယ် ပြီးကိုမပြီးနိုင်ဘူး။ တခါတရံတော့ ကောင်းသတင်းလေးတွေ တက်ပါစေ လို့ပဲဆုတောင်းနေမိတယ်” ဆိုပြီး ရင်ဖွင့်လာ ခဲ့ပါတယ်။

ဇေရဲထက် ကတော့ သူ့အိမ်ထဲမှာ သူနေနေရင်း နဲ့ကို HD ထွက်တယ်ဆိုတဲ့ ကောလဟာလကို ရင်ဆိုင်နေ ရပြန်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး ကတော့ ဇေရဲထက်ရဲ့ ဖြေရှင်းချက်ကြောင့် အဖြစ်မှန်ကို နားလည် သဘောပေါက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Zay Ye Htet ‘s fb
#Crd

About the author

Ms Cele

Leave a Comment