Celebrity

JOOXမွာ ေခတ္ၿပိုင္ အဆိုေတာ္ေတြ ထက္ Follower အျပတ္အသတ္ မ်ားေနတဲ့ ေရႊထူး

Written by Ms Cele

JOOXမွာ ေခတ္ၿပိုင္ အဆိုေတာ္ေတြ ထက္ Follower အျပတ္အသတ္ မ်ားေနတဲ့ ေရႊထူး

ေရႊထူးကေတာ့ လူငယ္ ပရိသတ္ေတြ ပါးစပ္ဖ်ား မွာ ေရပန္းစားတဲ့ သီခ်င္းေပါင္းမ်ားစြာ ကို ကိုယ္တိုင္ေရးစပ္သီဆိုရင္း ပရိသတ္ တစ္ခဲနက္အားေပးမႈရရွိခဲ့သူ တစ္ေယာက္ပါ။ ဆယ္စုႏွစ္ေက်ာ္တစ္ခုထိ ဂီတေလာကမွာ ေနရာတစ္ခုနဲ႔ အခိုင္အမာ ရပ္တည္လာနိုင္ခဲ့သူျဖစ္သလို ေနာက္ပိုင္း မွာ သ႐ုပ္ေဆာင္တစ္ေယာက္ အေနနဲ႔ပါ အႏုပညာနယ္ပယ္ခ်ဲ႕ထြင္လာခဲ့သူပါ။

ပရိသတ္အတြက္ သီခ်င္းဖန္တီးမႈ အသစ္ေတြနဲ႔ ခ်ျပနိုင္ဖို႔ အျမဲအားထုတ္ႀကိဳးပမ္း ေနသူေရႊထူးကေတာ့ ဒီေန႔မွာ ႀကိဳးစားမႈနဲ႔ ထိုက္တန္တဲ့ အရာတစ္ခုကို ရရွိခဲ့ၿပီျဖစ္ေၾကာင္း ဝမ္းသာၾကည္ႏူးစြာ မၽွေဝလာပါတယ္။ ျမန္မာနိုင္ငံက သီခ်င္း ခ်စ္သူေတြ အမ်ားဆုံးအသုံးျပဳတဲ့ application တစ္ခုျဖစ္တဲ့ JOOX ကေနၿပီးေတာ့ (၂၀၂၀) ခုႏွစ္အတြက္ ျပည္တြင္းျပည္ပအဆိုေတာ္မ်ားရဲ့ နားဆင္သူဦးေရ၊ Follower နဲ႔ Top Chart အတြင္းဝင္ေရာက္ခဲ့မႈမ်ားကို စိစစ္တြက္ခ်က္ထားတဲ့ စစ္တမ္းတစ္ခုကို ေဖာ္ျပခဲ့တာျဖစ္ၿပီး ေရႊထူးကေတာ့ ျပည္တြင္းအဆိုေတာ္ေတြထဲမွာ Follower အမ်ားဆုံးအေနနဲ႔ ရပ္တည္ခဲ့ပါတယ္ ပရိသတ္ႀကီးေရ..

ေရႊထူးကေတာ့ Follower 763K နဲ႔ နားေထာင္သူေပါင္း ေလးေသာင္းေက်ာ္၊ JOOX ရဲ့ Top Chart စာရင္းမွာ (၄၃) ပတ္တိုင္တိုင္ သူ႔ရဲ့သီခ်င္းေတြ နဲ႔ ရပ္တည္နိုင္ခဲ့ပါတယ္။ ျပည္တြင္း ဒိတ္ဒိတ္ၾကဲ အၿပိဳင္အဆိုေတာ္ေတြ ထက္ Follower အျပတ္အသတ္မ်ား ေနတဲ့ ေရႊထူးရဲ့ေအာင္ျမင္မႈကိုေတာ့ သူ႔ရဲ့ပရိသတ္ေတြက ဝမ္းသာဂုဏ္ယူခဲ့ၾကသလို ေရႊထူးကေတာ့ ကၽြန္ေတာ့္သီခ်င္းေတြကိုခ်စ္ၾကသူတိုင္းကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ခင္ဗ်ာ … ကၽြန္ေတာ္ ဆက္လက္ႀကိဳးစားပါဦးမယ္ခင္ဗ် ဆိုၿပီး ပရိသတ္ေတြကို ေက်းဇူးတင္ စကားဆိုခဲ့ပါတယ္။

Credit:Cele Gabar

JOOXမှာ ခေတ်ပြိုင် အဆိုတော်တွေ ထက် Follower အပြတ်အသတ် များနေတဲ့ ရွှေထူး

ရွှေထူးကတော့ လူငယ် ပရိသတ်တွေ ပါးစပ်ဖျား မှာ ရေပန်းစားတဲ့ သီချင်းပေါင်းများစွာ ကို ကိုယ်တိုင်ရေးစပ်သီဆိုရင်း ပရိသတ် တစ်ခဲနက်အားပေးမှုရရှိခဲ့သူ တစ်ယောက်ပါ။ ဆယ်စုနှစ်ကျော်တစ်ခုထိ ဂီတလောကမှာ နေရာတစ်ခုနဲ့ အခိုင်အမာ ရပ်တည်လာနိုင်ခဲ့သူဖြစ်သလို နောက်ပိုင်း မှာ သရုပ်ဆောင်တစ်ယောက် အနေနဲ့ပါ အနုပညာနယ်ပယ်ချဲ့ထွင်လာခဲ့သူပါ။

ပရိသတ်အတွက် သီချင်းဖန်တီးမှု အသစ်တွေနဲ့ ချပြနိုင်ဖို့ အမြဲအားထုတ်ကြိုးပမ်း နေသူရွှေထူးကတော့ ဒီနေ့မှာ ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ အရာတစ်ခုကို ရရှိခဲ့ပြီဖြစ်ကြောင်း ဝမ်းသာကြည်နူးစွာ မျှဝေလာပါတယ်။ မြန်မာနိုင်ငံက သီချင်း ချစ်သူတွေ အများဆုံးအသုံးပြုတဲ့ application တစ်ခုဖြစ်တဲ့ JOOX ကနေပြီးတော့ (၂၀၂၀) ခုနှစ်အတွက် ပြည်တွင်းပြည်ပအဆိုတော်များရဲ့ နားဆင်သူဦးရေ၊ Follower နဲ့ Top Chart အတွင်းဝင်ရောက်ခဲ့မှုများကို စိစစ်တွက်ချက်ထားတဲ့ စစ်တမ်းတစ်ခုကို ဖော်ပြခဲ့တာဖြစ်ပြီး ရွှေထူးကတော့ ပြည်တွင်းအဆိုတော်တွေထဲမှာ Follower အများဆုံးအနေနဲ့ ရပ်တည်ခဲ့ပါတယ် ပရိသတ်ကြီးရေ..

ရွှေထူးကတော့ Follower 763K နဲ့ နားထောင်သူပေါင်း လေးသောင်းကျော်၊ JOOX ရဲ့ Top Chart စာရင်းမှာ (၄၃) ပတ်တိုင်တိုင် သူ့ရဲ့သီချင်းတွေ နဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ ပြည်တွင်း ဒိတ်ဒိတ်ကြဲ အပြိုင်အဆိုတော်တွေ ထက် Follower အပြတ်အသတ်များ နေတဲ့ ရွှေထူးရဲ့အောင်မြင်မှုကိုတော့ သူ့ရဲ့ပရိသတ်တွေက ဝမ်းသာဂုဏ်ယူခဲ့ကြသလို ရွှေထူးကတော့ ကျွန်တော့်သီချင်းတွေကိုချစ်ကြသူတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ … ကျွန်တော် ဆက်လက်ကြိုးစားပါဦးမယ်ခင်ဗျ ဆိုပြီး ပရိသတ်တွေကို ကျေးဇူးတင် စကားဆိုခဲ့ပါတယ်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment