Celebrity

Liveလွှင့်ဈေးရောင်းလို့ရတဲ့ အနုပညာကြေးနဲ့ အလှူကြီးတစ်ခု ပြုလုပ်လိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

Written by Ms Cele

Liveလွှင့်ဈေးရောင်းလို့ရတဲ့ အနုပညာကြေးနဲ့ အလှူကြီးတစ်ခု ပြုလုပ်လိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်




Credit:Han Nyein Oo

Liveလွှင့်စျေးရောင်းလို့ရတဲ့ အနုပညာကြေးနဲ့ အလှူကြီးတစ်ခု ပြုလုပ်လိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်ကြီးရေ ဇာတ်ပို ့ဇာတ်ရန်တစ်ယောက်ဖြစ်တဲ့နှိုင်းယှဉ်မြင့်မိုရ် ကတော့ အနုပညာ နယ်ပယ်မှာ ကျင်လည်နေတာနှစ် အတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ ကျရာ ဇာတ်ကောင် ကိုဟာသဖြစ်ဖြစ် အကြမ်း အရမ်းဖြစ်ဖြစ် မင်းသား မင်းသမီးတွေရဲ့ဘေးကနေ ဝိုင်းဝန်းပံ့ပိုးပေး တတ်တဲ့ ဇာတ်ရံကောင်း တစ်ဦးလို့ ဆိုရမှာပါ။ အခုလိုcovid ကာလမှာ အိမ်မှာပဲ Stay Homeနေနေကြရတာကြောင့် အနုပညာရှင်တော်တော်များများ ဟာဆိုရင် ရိုက်ကူးရေးတွေရပ်နားထားကြရတာပါ။

Stay Homeကာလမှာ နှိုင်းယှဉ်မြင့်မိုရ် ကတော့Online ဈေးရောင်းတဲ့အလုပ်ကို လုပ်ကိုင်နေခဲ့တာဖြစ်ပြီးအရမ်းကို ရောင်းကောင်းပြီး ရက်လွတ်တွေ မရှိအောင် မအားမလပ်နဲ့ဖြစ်လောက်ထိပါပဲနော်။ ဒါ့အပြင် အနုပညာမောင်နှံစုံတွဲ ဖြစ်တွဲ ဖြစ်တဲ့ နှိုင်းယှဉ်နဲ့ ကိုဘင်းကတော့အမြဲ အလုပ်လုပ်လို့ရတဲ့ပိုက်ဆံတွေထဲက တတ်နိုင်သမျှ အလှူအတန်းတွေဆက်တိုက် လုပ်နေသူတွေပါ။ဒီနေ့မှာလည်း “ဒီနေ့ ချက်ချင်းဖြစ်ချင်တဲ့ဆန္ဒကို ချက်ချင်းအကောင် အထည်ဖော်လိုက်ပါသည်။

ယနေ့အလုပ်လုပ်လို့ ရသော လုပ်အားခထဲမှ နဂါးရစ်ဆရာတော် ဘုရားကြီးသိက္ခာထပ်အတွက်အလှုငွေ ၅သိန်း….နဂါးရစ်တော်ကျောင်းတွင် ကထိန် ပဒေသာပင်အတွက် အလှုငွေ ၃သိန်း….နဂါးရစ်တောင် ကျောင်းတွင် ရွှေတိဂုံစေတီတော် ပုံတူတည်ရနိ အလှုငွေတစ်သိန်း….ကို နှစ်ဖက်မိဘများ ဘဝအဆက်ဆက်က တော်ဆက်ဖူးသော ဆွေတော်ရှစ်သောင်းမျိုးတော် အပေါင်းအားရည်စူး၍ လှုဒါနိးပေးပါတယ်။”ဆိုတဲ့ စာလေးနဲ့သူမရဲ့လူမှုကွန်ရက် စာမျက်နှာဖော်ပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Credit:Han Nyein Oo

About the author

Ms Cele

Leave a Comment