Celebrity

Liveလႊင့္ ေစ်းေရာင္းရင္း ေနာက္ကြယ္က သူမႀကံုေတြ႕ရတဲ့ အခက္အခဲေတြကို ရင္ဖြင့္လာတဲ့ ဆုျမတ္ႏိုးဦး

Written by Ms Cele

Liveလႊင့္ ေစ်းေရာင္းရင္း ေနာက္ကြယ္က သူမႀကံုေတြ႕ရတဲ့ အခက္အခဲေတြကို ရင္ဖြင့္လာတဲ့ ဆုျမတ္ႏိုးဦး

ပရိသတ္ႀကီး ေရ မင္းသမီးေခ်ာေလး ဆုျမတ္နိုးဦး ဟာဆိုရင္ အႏုပညာေလာကမွာ ေအာင္ျမင္ မႈေတြကို ပိုင္ဆိုင္ထားတဲ့ သူတစ္ေယာက္ ပဲျဖစ္ ပါတယ္။႐ုပ္ရည္ ေခ်ာေမာ လွပၿပီး ခ်စ္စရာ အမူအရာေလးနဲ႔ သ႐ုပ္ေဆာင္ တတ္တဲ့ ဆုျမတ္နိုးဦး ဟာ ပရိသတ္ ေတြရဲ့ ခ်စ္ခင္အားေပး မႈကိုလည္း ရရွိထားသူေလးပဲျဖစ္ပါတယ္ေနာ္။လတ္တေလာ မွာေတာ့ သူမဟာ အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနရင္း ရတနာဆိုင္ေတြက ရတနာပစၥည္းေတြကိုLiveလႊင့္ၿပီး ေရာင္းခ်ေပးေနတာပဲျဖစ္ပါတယ္။

အခုေတာ့ ဆုျမတ္နိုးဦးက Live လႊင့္ၿပီးေစ်းေရာင္း ရတဲ့ ေနာက္ကြယ္က သူမၾကဳံေတြ႕ခဲ့ရတဲ့ အခက္ အခဲေတြနဲ႔ စိတ္ပင္ပန္းမႈ ေတြကို ရင္ဖြင့္ကာေျပာျပလာ တာပဲ ျဖစ္ပါတယ္ ။ ဆုျမတ္နိုးဦးက “ကင္မရာေရွ႕ လွလွေလးေနရတဲ့အလုပ္ဟာလြယ္ပါတယ္လို႔ပဲအားလုံးကထင္ၾကပါတယ္.. တကယ္တမ္းေတာ့ေလ ဇာတ္ကားရိုက္တာပဲျဖစ္ျဖစ္ liveလႊင့္ေစ်းေရာင္းရတာပဲျဖစ္ျဖစ္အလုပ္တိုင္းမွာ စိတ္ဖိစိးမႈ စိတ္ရဲ့ပင္ပန္းမႈ ဖိအားဆိုတာရွိပါတယ္ ဇာတ္ကားေတြရိုက္တဲ့အခ်ိန္မွာ ငါဟာသဘာဝက်ပါ့မလား.. ဇာတ္ေကာင္စရိုက္နဲ႔တထပ္တည္းက်ပီျပင္ပါ့မလား ဆိုတဲ့ပူပန္မႈေတြအထူးရွိသလို..မကၽြမ္းက်င္တဲ့ Liveလႊင့္ေစ်းေရာင္းတဲ့အခါမွာေတာ့ စိတ္ပင္ပန္းရမႈကအဆမ်ားစြာပိုပါတယ္ .ကိုယ္ေရာင္းေပးတဲ့ဆိုင္ေတြရဲ့ဆိုင္ရွင္ေတြကို ေရာင္းရေစခ်င္တယ္ .. ဝယ္ယူအားေပးတဲ့သူေတြကိုတကယ္တန္တဲ့မွန္ကန္တဲ့ေစ်းႏႈန္းေလးေတြနဲ႔ပိုင္ဆိုင္ရေစခ်င္တယ္.. အဲ့ထဲမွာမွ ရွိလာတဲ့စုန္းျပဴးေတြရဲ့ရန္ေၾကာင့္ ဆိုင္ရွင္ေတြကိုအားနာရတယ္ မ်က္ႏွာပ်က္ရတယ္.. ၃နာရီ ၄နာရီစာ ဝန္ထုတ္ဝန္ပိုးေတြရယ္ ”

“တစ္ခါတစ္ေလေတာ့လ ည္းေလ ဘာမွကိုမလုပ္ခ်င္ေတာ့ဘူး ရပ္တန္႔ထား လိုက္ခ်င္တဲ့ စိတ္ရဲ့ဖိအားေတြ စိတ္ဓာတ္က်တာေတြျဖစ္မိတယ္ ..ဒါေပမဲ့လည္းေလ ခက္ခဲတဲ့ ကာလႀကီးမွာစားဝတ္ေနေရးရယ္ .. က်ားႀကီးရင္ ေျခရာႀကီးတဲ့စရိတ္စကေတြ.. ကိုယ့္ရဲ့အနားက ခက္ခဲပင္ပန္းေနသူေတြရဲ့မနိုင္ဝန္ေတြကိုတစ္ေထာင့္တစ္ေနရာက ထမ္းေပးခ်င္ေနတဲ့စိတ္ေတြနဲ႔ အားတင္းရင္းေရွ႕ဆက္ေနပါတယ္ ..ကၽြန္မတတ္နိုင္သေရြ႕အင္အားေလးနဲ႔ ေရွ႕ဆက္ေနပါရေစ .. ခ်စ္ရတဲ့သူေတြ ..ကိုယ့္ရဲ့အနီးတဝိုက္က ခက္ခဲၿပီးလိုအပ္ေနတဲ့သူေတြရဲ့လိုအပ္ခ်က္ေလးေတြကို တစ္ေထာင့္တစ္ေနရာကေနျဖည့္ဆည္းေပး ေနခြင့္ေလးရရင္ပဲ ပင္ပန္းရသမၽွေတြေျပေပ်ာက္ပါပီ .. ကိုယ့္ရဲ့ေစတနာမွန္ခဲ့ရင္ အျမဲတမ္းေပးကမ္းနိုင္တဲ့ လက္တစုံသာဖစ္ပါရေစလို႔ ေတာင္းဆုျပဳပါတယ္” ဆိုၿပီး သူမရဲ့ခံစားခ်က္ေတြကို ေရးသားေျပာျပ ထားတာပဲ ျဖစ္ပါတယ္ေနာ္။ဖတ္ရႈ ေပးတဲ့ ပရိသတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္။

Source: Hsu Myat Noe Oo’s FB

Liveလွှင့် စျေးရောင်းရင်း နောက်ကွယ်က သူမကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရင်ဖွင့်လာတဲ့ ဆုမြတ်နိုးဦး

ပရိသတ်ကြီး ရေ မင်းသမီးချောလေး ဆုမြတ်နိုးဦး ဟာဆိုရင် အနုပညာလောကမှာ အောင်မြင် မှုတွေကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက် ပဲဖြစ် ပါတယ်။ရုပ်ရည် ချောမော လှပပြီး ချစ်စရာ အမူအရာလေးနဲ့ သရုပ်ဆောင် တတ်တဲ့ ဆုမြတ်နိုးဦး ဟာ ပရိသတ် တွေရဲ့ ချစ်ခင်အားပေး မှုကိုလည်း ရရှိထားသူလေးပဲဖြစ်ပါတယ်နော်။လတ်တလော မှာတော့ သူမဟာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေရင်း ရတနာဆိုင်တွေက ရတနာပစ္စည်းတွေကိုLiveလွှင့်ပြီး ရောင်းချပေးနေတာပဲဖြစ်ပါတယ်။

အခုတော့ ဆုမြတ်နိုးဦးက Live လွှင့်ပြီးစျေးရောင်း ရတဲ့ နောက်ကွယ်က သူမကြုံတွေ့ခဲ့ရတဲ့ အခက် အခဲတွေနဲ့ စိတ်ပင်ပန်းမှု တွေကို ရင်ဖွင့်ကာပြောပြလာ တာပဲ ဖြစ်ပါတယ် ။ ဆုမြတ်နိုးဦးက “ကင်မရာရှေ့ လှလှလေးနေရတဲ့အလုပ်ဟာလွယ်ပါတယ်လို့ပဲအားလုံးကထင်ကြပါတယ်.. တကယ်တမ်းတော့လေ ဇာတ်ကားရိုက်တာပဲဖြစ်ဖြစ် liveလွှင့်စျေးရောင်းရတာပဲဖြစ်ဖြစ်အလုပ်တိုင်းမှာ စိတ်ဖိစိးမှု စိတ်ရဲ့ပင်ပန်းမှု ဖိအားဆိုတာရှိပါတယ် ဇာတ်ကားတွေရိုက်တဲ့အချိန်မှာ ငါဟာသဘာဝကျပါ့မလား.. ဇာတ်ကောင်စရိုက်နဲ့တထပ်တည်းကျပီပြင်ပါ့မလား ဆိုတဲ့ပူပန်မှုတွေအထူးရှိသလို..မကျွမ်းကျင်တဲ့ Liveလွှင့်စျေးရောင်းတဲ့အခါမှာတော့ စိတ်ပင်ပန်းရမှုကအဆများစွာပိုပါတယ် .ကိုယ်ရောင်းပေးတဲ့ဆိုင်တွေရဲ့ဆိုင်ရှင်တွေကို ရောင်းရစေချင်တယ် .. ဝယ်ယူအားပေးတဲ့သူတွေကိုတကယ်တန်တဲ့မှန်ကန်တဲ့စျေးနှုန်းလေးတွေနဲ့ပိုင်ဆိုင်ရစေချင်တယ်.. အဲ့ထဲမှာမှ ရှိလာတဲ့စုန်းပြူးတွေရဲ့ရန်ကြောင့် ဆိုင်ရှင်တွေကိုအားနာရတယ် မျက်နှာပျက်ရတယ်.. ၃နာရီ ၄နာရီစာ ဝန်ထုတ်ဝန်ပိုးတွေရယ် ”

“တစ်ခါတစ်လေတော့လ ည်းလေ ဘာမှကိုမလုပ်ချင်တော့ဘူး ရပ်တန့်ထား လိုက်ချင်တဲ့ စိတ်ရဲ့ဖိအားတွေ စိတ်ဓာတ်ကျတာတွေဖြစ်မိတယ် ..ဒါပေမဲ့လည်းလေ ခက်ခဲတဲ့ ကာလကြီးမှာစားဝတ်နေရေးရယ် .. ကျားကြီးရင် ခြေရာကြီးတဲ့စရိတ်စကတွေ.. ကိုယ့်ရဲ့အနားက ခက်ခဲပင်ပန်းနေသူတွေရဲ့မနိုင်ဝန်တွေကိုတစ်ထောင့်တစ်နေရာက ထမ်းပေးချင်နေတဲ့စိတ်တွေနဲ့ အားတင်းရင်းရှေ့ဆက်နေပါတယ် ..ကျွန်မတတ်နိုင်သရွေ့အင်အားလေးနဲ့ ရှေ့ဆက်နေပါရစေ .. ချစ်ရတဲ့သူတွေ ..ကိုယ့်ရဲ့အနီးတဝိုက်က ခက်ခဲပြီးလိုအပ်နေတဲ့သူတွေရဲ့လိုအပ်ချက်လေးတွေကို တစ်ထောင့်တစ်နေရာကနေဖြည့်ဆည်းပေး နေခွင့်လေးရရင်ပဲ ပင်ပန်းရသမျှတွေပြေပျောက်ပါပီ .. ကိုယ့်ရဲ့စေတနာမှန်ခဲ့ရင် အမြဲတမ်းပေးကမ်းနိုင်တဲ့ လက်တစုံသာဖစ်ပါရစေလို့ တောင်းဆုပြုပါတယ်” ဆိုပြီး သူမရဲ့ခံစားချက်တွေကို ရေးသားပြောပြ ထားတာပဲ ဖြစ်ပါတယ်နော်။ဖတ်ရှု ပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source: Hsu Myat Noe Oo’s FB

About the author

Ms Cele

Leave a Comment