Celebrity


Written by Ms Cele





Source :May Meloday
Emily (Cele Gabar)

Live လွှင့်ပြီး ဈေးရောင်းလို့ ရတဲ့ အနုပညာ ကြေး (၁၅)သိန်းကို ကိုဗစ် ၁၉ အတွက် လှူဒါန်း ခဲ့တဲ့ မေလသံ စဉ်

Covid-19 နဲ့ပတ်သက်ပြီး အနုပညာရှင် အသီးအသီးက မိမိတို့တတ် အားသမျှ ပါဝင်ကူညီပြီး လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပြီး လတ်တလော မှာတော့ ပရိသတ်အချစ်တော် အဆိုတော် မလေး မေလသံစဉ်ကလည်း တစ်ထောင့် တစ်နေရာက ပါဝင် လှုပ်ရှားလာခဲ့ပါတယ် ။ Quarantine Center တွေမှာ Q အရေအတွက်နဲ့ Volunteer အင်အားမမျှတာ အခက်အခဲ တွေဖြစ်နေကြတာ သတင်းတွေတက် လာတော့ မေလ တထောင့်တနေရာက ဘယ်လိုကူညီပံ့ပိုး ပေးနိုင်လဲလို့ စဉ်းစားပြီးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ် ။

လတ်တလော မှာလည်း ရွှေသမီးရွှေဆိုင် Live လွှင့်ဈေးရောင်း လို့ ရတဲ့ အနုပညာကြေး ၁၅ သိန်းကို Covid-19 ကာကွယ် ကုသ တိုက်ဖျက်ရေး အတွက် လှူဒါန်းဖြစ်ခဲ့ကြောင်းကို သူမရဲ့ လူမှုကွန်ရက် စာမျက်နှာထက် ကနေ ပရိသတ် တွေကို မျှဝေပေး လာခဲ့ပါတယ် ။ တကယ်တော့ Live လွှင့်ပြီးဈေးရောင်း ရတာ သူမ အသက် အရွယ်နဲ့ ပင်ပန်းတယ်လို့ ခံစားရပြီး Live တစ်လျှောက်လုံးလည်း အမှားမရှိအောင် ဂရုစိုက်ရတော့ စိတ်ရော လူပါ မောပါတယ်လို့ သူမ ရဲ့ခံစားချက်လေးကိုလည်း ပရိသတ်တွေကို ပြောပြခဲ့ပါသေးတယ် ။

Liveလွှင့် ဈေးရောင်းတာ မလုပ်ချင်ပေမယ့် အလှူ အတွက် ဆိုပြီး အားတင်းလုပ်ခဲ့ရတာ မေလရဲ့we love သံမဏိလေးတွေ နားလည်ပေး စေချင်ပါတယ် လို့လည်း သူမရဲ့ဖန်တွေကို အသိပေး ခဲ့ပါတယ် ။ မေလသံစဉ်ရဲ့ အလှူလေးကို တစ်ဦး တစ်ယောက် မကျန် ကုသိုလ် ထပ်တူ ရကြစေဖို့အတွက် ပြန်လည်ဝေမျှပေး လိုက်ပါတယ်နော် ။

Source :May Meloday
Emily (Cele Gabar)

About the author

Ms Cele

Leave a Comment