Celebrity


Written by Ms Cele






Credit:Swelsone News

Live လွှင့်လို့ရတဲ့ သူမရဲ့ အနုပညာကြေးငွေ (၁၈)သိန်းကို ပံ့သကူအလှူလေး အဖြစ် ပြုလုပ် ကုသိုလ်ယူခဲ့တဲ့ ပိုးကြာဖြူခင်

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ သရုပ်ဆောင် ကောင်းသူလေးမို့ ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး အောင်မြင်နေသလို အလှူအတန်း တွေကိုလည်း မကြာခဏပြုလုပ် သူလေးပဲ ဖြစ်ပါတယ်..။ ဆိုင်းမိုင်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပိုးကြာဖြူခင် ကတော့ ဒီကနေ့ တန်ဆောင်မုန်း လပြည့်နေ့လေးမှာလည်း ပံ့သကူ အလှူလေးတွေ ပြုလုပ်ကုသိုလ်ယူခဲ့ပါတယ်နော်..။

Live လွှင့်လို့ရတဲ့ သူမရဲ့ချွေးနည်းစာ အနုပညာကြေးငွေ (၁၈)သိန်းကို ပံ့သကူအလှူလေး အဖြစ် ပြုလုပ်ကုသိုလ်ယူ ခဲ့တာ ဖြစ်ပြီး ပံ့သကူလှူဖို့အတွက် လည်း ကိုယ်တိုင်ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်နော်..။ “ဒီနေ့ live ၂ ခါလွှင့်လို့ ရခဲ့တဲ့ အနုပညာကြေးအားလုံးကို တန်ဆောင်တိုင်လပြည့်ည မှာ အမှတ်တရ အလှူအဖြစ် ပံ့သကူပစ် ပါမည်..” ဆိုပြီး သူမတို့ မိသားစုလေးရဲ့ ပံ့သကူ အလှူလေးကို ဝေမျှထားတာပါနော်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာ ပရိသတ် တွေကလည်း ဆုတောင်း စကားလေးတွေပြောကာ စကားလေးတွေလည်း အပြန်အလှန် ပြောရင်း “တွေ့တဲ့သူယူကြပါ အားလုံး ၁၈ သိန်းပါ..” ဆိုပြီးတော့လည်း ပိုးက ပြောပြထားပါသေးတယ်..။

ဒီကနေ့လေး မှာတော့ ပံ့သကူ အလှူငွေတွေကို ကိုယ်တိုင်ပြင်ဆင် နေတဲ့အပြင် ကိုယ်တိုင်သွားရောက် လှူဒါန်းနေတဲ့ ပိုးတို့ မိသားစုလေးရဲ့ ကြည်နူးပီတိဖြစ်ရာ အလှူလေး အတွက် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆုတောင်းပေး လိုက်ပါတယ်နော်..။

Credit:Swelsone News

About the author

Ms Cele

Leave a Comment