Celebrity
live လွှင့်ဈေးရောင်းခဲ့ရတဲ့ နောက်ကွယ်က ပရိသတ်တွေမသိသေးတဲ့ သူမရဲ့ရည်ရွယ်ချက်ကို ပြောပြလာတဲ့ ထက်ထက်မိုးဦး
Written by Ms Cele
live လွှင့်ဈေးရောင်းခဲ့ရတဲ့ နောက်ကွယ်က ပရိသတ်တွေမသိသေးတဲ့ သူမရဲ့ရည်ရွယ်ချက်ကို ပြောပြလာတဲ့ ထက်ထက်မိုးဦး
Credit:CELELUCKY
live လွှင့်စျေးရောင်းခဲ့ရတဲ့ နောက်ကွယ်က ပရိသတ်တွေမသိသေးတဲ့ သူမရဲ့ရည်ရွယ်ချက်ကို ပြောပြလာတဲ့ ထက်ထက်မိုးဦး
ပရိသတ်ကြီးရေ သရုပ်ဆောင် ထက်ထက်မိုးဦးဟာ ဆိုရှယ်မီဒီယာ ကနေ အတော်ကြာပျောက်ကွယ် သွားပြီး မနေ့ကသိန်းထောင်ကျော် တန်တဲ့ စိန်တွေ ရွှေတွေ ဈေးရောင်းချနေတဲ့ အတွက် လူပြောများခဲ့ရပါတယ်နော်။ ကျန်းမာရေးမကောင်းတဲ့အတွက် ထိုင်ခုံပေါ်လှဲပြီး ဈေးရောင်းတဲ့အတွက် live မှာ ပရိသတ်တွေ ဝိုင်းဆဲခံခဲ့ရပါသေးတယ်နော်။
သူအခုလို ဈေးရောင်းရတဲ့ အဓိကရည်ရွယ်ချက်ကို ထုတ်ပြေပြလာပါပြီနော်။ ထက်ထက်မိုးဦးဟာ ဈေးရောင်းလို့ရတဲ့ ပိုက်ဆံများနဲ့ အောက်ဆီဂျင်စက်ရုံဆောက်လုပ်ဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်နော်။ စိတ်ရင်းနဲ့ လှူဖို့ကြိုးစား ခဲ့ပေမယ့် အထမမြောက်ခဲ့တဲ့ အတွက် စိတ်မကောင်း ဖြစ်နေပါတယ်နော်။
ဝေဖန်မှုမြင့်တက်ခဲ့တဲ့ live လွှင့်စျေးရောင်းခဲ့တာနဲ့ ပတ်သက်ပြီး ထက်ထက်မိုးဦးက အခုလိုရှင်းပြထားပါတယ်။ “ဒီနေ့ Live လေးမှာ ကိစ္စလေးတွေစိတ်ထဲတော့ မကောင်းဘူး ။ ထက်က တပါးသူကူညီတိုင်း ပြန်မပြောတာရယ် အရေးပါတာတွေပဲ လုပ်ပေးချင်တာရယ် အားလုံးပြီးမှပြော ချင်တာကြောင့်ပဲ ဒီနေ့လိုဖြစ်ရတယ်ပဲ သတ်မှတ်လိုက် ပါတယ်။ ကိုယ်တိုင် နေမကောင်းဖြစ်ပေမယ့် (အိပ်ယာထဲလှဲနေခဲ့တာ ၁ လ ကြာပါပြီ) အောက်စီဂျင်ထုတ်တဲ့ စက်ရုံကိုဆောက်လှူချင်တာမို့ ဒီအလုပ်ကိုလက်ခံဖြစ်ခဲ့တာပါ။ ထက် အရင် live လွင့်ခဲ့ရတုန်းက ရတဲ့ငွေတွေနဲ့ပဲ ကျောင်းပြုပြင်လှူတာပြီးခဲ့တာမို့ ဒီတခေါက်လူတိုင်းကိုကူညီချင်တဲ့စိတ်နဲ့ပဲ ဒါနအတွက် လုပ်ခဲ့တာဖြစ်ပြီး ပိုပြီးဆဲခံရတော့ စိတ်ထဲမကောင်းဖြစ်မိပါတယ်။လှူပေးမယ်ဆိုပြီးပြောထားတာလည်းရှိတာမို့ အလုပ်ကတော့ ဆက်လုပ်သွားရမှာမို့ နားလည်ပေးကြပါ။ အားလုံးကို မေတ္တာပို့ပေးပါတယ် ။“ထက်ထက်မိုးဦး ရောင်းချတဲ့ ရွှေဆိုင် live ကိုလည်း ဖျက်ချခဲ့ရပြီး သူမရဲ့ Page ကိုလည်း ခဏ deactivate လုပ်ထားပါတယ်နော်။ ဒီလိုမျိုး အလှူတွေလုပ်ဖို့ မျက်ရည်ခံထိုးပြီး ပြောနေပေမယ့်လည်း ပရိသတ်တွေကတော့ ထက်ထက်မိုးဦးကို အရင်လို အားပေးဖို့ စိတ်ကူးမရှိတော့ပါဘူးတဲ့နော်။
Credit:CELELUCKY
About the author
Ms Cele
Leave a Comment