Celebrity


Written by Ms Cele






Live Sale တွေ ရောင်းနေရတာ မအားလပ်တာကြောင့် ရိုက်လက်စ ဇာတ်လမ်းတွဲလေး ကိုတောင် ဆက်မရိုက်တော့ကြောင်း ငြင်းဆိုခဲ့ရတဲ့ နှိုင်းယှဉ်မြင့်မိုရ်

နိုင်ငံကျော် ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ် ကတော့ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေမှာ အရေးပါတဲ့ ဇာတ်ပို့ ကာရိုက်တာတွေမှာ အများဆုံး သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ် ကတော့ လက်ရှိ ကိုဗစ်ကာလ အနုပညာ အလုပ်တွေပါး နေချိန်မှာ အွန်လိုင်းကနေ Live Sale တွေရောင်းချပေးနေပြီး သမာအာဇီ ဝကျကျ စီးပွားရှာနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စကားပြောကောင်းပြီး ရောင်းတတ် ဝယ်တတ်တဲ့အပြင် စေတနာကလည်း အပြည့်ထားတာကြောင့် ဝယ်သူတွေ အားပေးကြရုံသာမက စီးပွားရှင်တွေကပါ နှိုင်းယှဉ်မြင့်မိုရ်ကို စိတ်ချ လက်ချနဲ့ အလုပ်အပ်နှံကြတာ ပရိသတ်ကြီးတွေ့မြင်ရမျာပဲ ဖြစ်ပါတယ်။

Live Sale တွေကို လက်မလည်အောင်ရောင်းပေးနေရတဲ့အပြင် ရက်ချိန်းတွေလည်း ရှိနှင့်နေပြီးသားဖြစ်နေတဲ့ နှိုင်းယှဉ်မြင့်မိုရ်က အလုပ်တွေ ပိနေတာကြောင့် သူမရိုက်ကူးလက်စ ဇာတ်လမ်းတွဲလေး ကိုတောင် ငြင်းဆိုလိုက်ရကြောင်း ပြောလာပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်က “ကိုဗစ်မတိုင်ခင်က လင်မယားနှစ်ယောက် ရိုက်ထားတဲ့ ရိုက်လက်စ ဇာတ်လမ်းတွဲ ပြန်ရိုက်ရတော့မယ်တဲ့😳😳ရင်နာနာနဲ့ပဲ မရိုက်တော့ ဘူးလို့ ရဲရဲဝံ့ဝံ့ ပြောလိုက်တယ်။ သမီးဆိုး တစ်ဖွဲ့လုံးနဲ့ ဒါရိုက်တာညမလေး မယ်မင်းဘုံ အောင်သီရိက ပရိုဂျုဆ အကိုတို့တွေကိုလည်း တောင်းပန်ပါတယ်🙏🙏ဈေးရောင်းရင်း တစ်ဖွဲ့လုံးကို သတိရနေပါ့မယ်😭😭😭” ဆိုပြီး စိတ်မကောင်းစွာ ပြောလာတာပဲ ဖြစ်ပါတယ်။

နှိုင်းယှဉ်မြင့်မိုရ် ကတော့ နေ့ရောညပါ Live Sale တွေ ရောင်းနေရတာကြောင့် ရိုက်လက်စ ဇာတ်လမ်းတွဲလေး ကိုတောင် ရင်နာနာနဲ့ မရိုက်တော့ဘူးလို့ ငြင်းဆိုခဲ့ ရကြောင်း စိတ်မကောင်းစွာနဲ့ ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ် ကြီးလည်း လက်ခံပြီးသား အလုပ်တွေကြောင့် ကိုယ်ချစ်တဲ့အနုပညာ အလုပ်လေးအပေါ် တာဝန်မကျေသလို ဖြစ်သွားခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်ရဲ့ ခံစားချက်ကို နားလည်နိုင်မယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment