Celebrity
Written by Ms Cele
Credit
Miss Grand Myanmar 2020 အလှမယ်ဟန်လေးရဲ့ ခက်ခဲလွန်းတဲ့ ဘဝအကြောင်း
အခုလိုအချိန်မှာ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ တိုင်းပြည် အခြေအနေကို international စင်မြင့်ထက်မှာ Speak Out လုပ်ပြီး အကူအညီတောင်းခံပေးတဲ့
ဒါမျိုးကို နိုင်ငံကိုယ်စားပြုအလှမယ်ဟု ပရိတ်သတ်‌တော်တော်များများ ချီကျူးရှိနေကြတယ်။ဒါကြောင့် ဟန်လေးရဲ့အခက်ခဲတဲ့ ခရီးစဉ်လမ်းအကြောင်းတွေကိုဖော်ပြပေးချင်ပါတယ်။
သူမရဲ့နာမည်အရင်းကတော့ သော်နန္ဒာအောင် တဲ့။မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မွေးတဲ့ ကောင်မလေး တစ်ယောက်။ ဖခင်မရှိတဲ့ ဘဝမှာ အမေ့အရိပ်ကို ခိုလှုံရင်း ဆယ်တန်းကို ထူးထူး ချွန်ချွန်အောင်တယ်။ ဘတ်စ်ကတ်ဘောအားကစားသမားပီပီ စိတ်ဓာတ်မာတယ်။ အရည်အချင်းနဲ့ပဲ လူတွေကို လွှမ်းမိုးချင်ပါတယ်ဆိုတဲ့ မိန်းကလေးဟာ သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကြီးမှာ စိတ်ပညာ (ထူးချွန်) အထူးပြုနဲ့ တက္ကသိုလ်အဆောင်မှာ နေရင်း ကျောင်းတက်ခဲ့တယ်။
ဒီကလေးမဟာ အလှအပကြောင့် ကျော်ကြားချင်တာ မဟုတ်။ ထက်မြက်မှုကြောင့် ကျော်ကြားချင်သူ။ ပေါ်ပင်အနုပညာ အလုပ်တွေ လုပ်ရင် နာမည်ကြီးနိုင်မှန်း သိပေမယ့် သူ ယုံကြည်ချက်သည် လူတကာ အတွက် နမူနာ စံပြအလှမယ် ဖြစ်ဖို့သမီးလုပ်ချင်တာကို ကူညီပေးမယ့် အမေတစ်ယောက်ကလွဲလို့ အဆက်အသွယ် ဘာမှ မရှိတဲ့ ကျောင်းသူလေးဟာ အလှမယ်ပြိုင်ပွဲငယ်လေးတွေကနေ ခက်ခက်ခဲခဲ တိုးရရှာတယ်။ Miss လို Model လိုလိုနဲ့ ဘာမှန်းကို မသိဘူး ဆိုတဲ့ ဝေဖန်သံတွေတော့ သူ ရိုးနေပါပြီ။ သို့သော် သူ့အိပ်မက်ကို သူ ယုံကြည်သူ။ တစ်ချိန်မှာ သူ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရမယ်။
၂၀၁၉ ခုနှစ် မြဝတီမြို့။ မော်လမြိုင်နဲ့ မြဝတီ အကူးအလူး ရှိတဲ့ သူမဟာ မယ်စကြဝဠာမြဝတီကို ဝင်ပြိုင်တယ်။ ဘေးစောင်းကြည့်တောင် ထင်ရှားတဲ့ အလှကြောင့် လူသိများခဲ့ပေမယ့် Final Night မှာ Q&A ကို အင်္ဂလိပ်ဘာသာစကားနဲ့ ဖြေချလိုက်ပါရောလာCity Miss တွေထဲမယ် ဟန်လေး – Miss Universe Myawaddy ဆိုတာ လူသိများစ ပြုလာတယ်။တောရုပ်နဲ့ တဲ့။ တောသူမတဲ့။ ဟုတ်တယ်လေ။ နယ်က လာတဲ့ ကျောင်းသူလေးတစ်ယောက်ဟာ တောရုပ်မထွက်လို့ ဘာရုပ်ထွက်ရမလဲ
ဒါပေမယ့် မိခင်ကြီးနဲ့အတူ တိုက်ခန်းလေး ငှားနေရင်း သူ ကြိုးစားတယ်။ ပိုက်ဆံလေးတွေ စုရင်း ရိုက်ရတဲ့ Photoshoot တွေမှာ တိုးတက်လာတာကြီးပဲ။အမေးအဖြေတွေ အင်တာဗျူးတွေတိုင်းမှာ သူ့ရဲ့ ယုံကြည်မှုက ၁၀၁% ပဲ။ သွက်လက်ချက်ချာမှုဟာ အလှမယ် တစ်ယောက်ရဲ့ ဂုဏ်ဒြပ်လို သူ တည်ဆောက်တယ်။ Winner ရဖို့ မှန်းကြသူတွေ မနည်း။၂၀၂၀ ဒီဇငျဘာ မယျစကွဝဠာပွိုငျပှဲည။ round တိုငျးကျို တောကျပတဲ့ ယုံကွညျမှုနဲ့ ယှဉျပွိုငျတဲ့သူမဟာ Final Q&A မှာ မွနျမာ့အလှမယျ လောကမှာ အကောငျးဆုံးအဖွတေစျခုကို ပေးလိုကျတယျ။ ကျွုးစားမှုနဲ့ ထိုကျတနျစှာပဲ 1st RU သရဖူကို ရပွီး Miss Grand Myanmar ဟနျလေး ဖွစျလာတယျ။
ကဲ Grand Slam ပွဲကြီးမှာ နိုင်ငံကိုယ်စားပြု အလှမယ် ဖြစ်လာတော့မယ်။ ပြင်ဆင်ချိန် ၁လကျော်မှာ သူ အကောင်းဆုံး လုပ်ဖို့ပဲ ရှိတယ်။ဘန်ကောက်ကို မသွားခင် ၂၆ ရက်အလို။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရွံမုန်းစရာ အာဏာသိမ်းမှု ဖြစ်လာတယ်။ ပုံမှန် ၁ နာရီခရီးကို လေယာဉ် ၂ဆင့် စီးရမှာနဲ့တင် ခက်ခဲနေရတဲ့ သူမဟာ အာဏာရှင်ကို ဆန့်ကျင်ဖို့လည်း မပျက်ကွက်ခဲ့ဖူး။ အလှမယ်ဆိုတာ ဘာလုပ်ရမလဲ သူသိတယ်လေ။ ဆန္ဒပြရင်းနဲ့ပဲ ပြင်ဆင်တယ်။ Training ယူတယ်။ ပုံတွေ ရိုက်ရတယ်။ လိုက်ပို့သူ ဆယ်ယောက်မပြည့်တဲ့ အနေအထားမှာ ဒီနိုင်ငံကနေ ထွက်ခွာတယ်ပရိသတ်တွေမှာလည်း ရသလောက် အားပေးရရှာပါတယ်။ အင်တာနက် ဖြတ်တဲ့ ကြားက Voting တွေ ပေးတယ်။
ဒါကို သိလို့လည်း သူ့မှာ ဆယ်ဆ ပိုကြိုးစားပေးရှာတယ်။ အမိမြေမှာ လူတွေ သေနေတဲ့ သတင်းကို ကြားနေရင်း ပြိုင်ပွဲအတွက် သူ အားတင်းရတယ်။ Activity တိုင်းမှာ တက်ကြွစွာ။ညညဆိုရင်တော့ အခန်းဖော် ဖိလစ်ပိုင်မယ်လေးနဲ့ စကားတွေ ပြောရင်း မျက်ရည်ကျရသတဲ့။ စိတ်ပူရတယ်လေ။ Stop the War and Violence ဆိုတဲ့ Motto ဟာ သူမနဲ့ မကိုက်ညီပဲ နေမလား။။ပွဲတစ်လျှောက် စစ်အာဏာရှင်တွေရဲ့ ဆိုးယုတ်မှုကို အမြဲ Speak Out လုပ်လာသူ သူမ။ ကျွန်မကို Support ပါ ဆိုတာထက် မြန်မာပြည်သူတွေကို Support ပါ လို့သာ မရဲတရဲ ဆိုရရှာသူ သူမ။ မွေးရပ်မြေကို မပြန်ရမှာ မကြောက်ဘူးလား လို့ မေးတဲ့အခါ ဒီမိုကရေစီမရမှာကိုပဲ ကြောက်တယ် လို့ ပြောခဲ့သူ။Final မတိုင်ခင် တစ်ပတ်လောက် အလို။ စစ်အာဏာရှင်တွေဟာ mobile data တွေ ဖြတ်ချလိုက်တယ်။ ပြည်တွင်းနဲ့ အဆက်အသွယ် ပြတ်ခဲ့ပြီ။ ဒါပေမယ့် ဝမ်းနည်းနေရတဲ့ ပြည်သူတွေအတွက် ပျော်စရာ နည်းနည်းလေးဖြစ်ဖြစ် သူ ယူပေးပါရစေ။
Prelim မှာ သူ ကြိုးစားတယ်။ Miss Grand Myanmar တွေထဲ အကောင်းဆုံးလို့ ပြောနိုင်တဲ့ Performance တွေကို ချပြခဲ့တယ်။ Fan တွေစကားကို နားထောင်ဖို့လည်း မပျက်ကွက်ခဲ့။မတ်လ ၂၇ ရက်။ မြန်မာနိုင်ငံမှာ သူရဲကောင်း ၁၀၀ ကျော် ကျဆုံးရ။ သွေးမြေကျရ။ ခမ်းနားတဲ့ Final Night အတွက် သူများအလှမယ်တွေ အပြုံးတွေနဲ့ တက်ကြွနေချိန် မြန်မာမယ်လေးဟာ ဝမ်းနည်းစရာ သတင်းတွေကြောင့် ကျတဲ့ မျက်ရည်တွေကို အနိုင်နိုင်ထိန်းနေရတယ်။ပွဲစပြီ။ အလှအပတွေ အပြိုင်အဆိုင်များလို့ ပွဲကျပ်လွန်းတဲ့ MGI ရဲ့ Top 20။ Miss Grand Myanmar တဲ့။ ၆ နှစ်ကြာ Unplaced ဖြစ်ခဲ့တဲ့ သမိုင်းကို သူ ချေဖျက်လိုက်ပါပြီ။ အခက်အခဲတွေ ကြားက ကြိုးစားပေးခဲ့ရသူ။ Fan တွေ ပျော်မဆုံးပေါ့။
Top 10 တော့ မပါပေမယ့် သူမ ကြိုးစားထားပါသတဲ့။ ကြေကွဲ နေတဲ့ မျက်နှာလေးကို အားတင်း ပြိုင်ရရှာတယ်။ ပွဲအစီအစဉ်တွေ ပြီးခါနီး။ Surprise! မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေအကြောင်း မြန်မာမယ်လေး ပြောပါမယ်တဲ့။သန်းဆယ်နဲ့ ချီတဲ့ ကမ္ဘာတစ်လွှားက ကြည့်နေတဲ့ MGI Show ကြီးမှာ စစ်တပ်က အကြမ်းဖက်နေပုံ ပြည်သူတွေ ခံစားရပုံ Video တွေ ဝေဝေဆာဆာ ကြေကွဲစရာ ဖြစ်ရပ်များ။ နိုင်ငံတကာက ပိုသိကြရပြီ။ ဝတ်စုံအဖြူနဲ့ အလှမယိလေးဟာ မျက်ရည်တွေ ကျရင်း နိုင်ငံအကြောင်းကို သတ္တိရှိရှိ ထွက်ဆိုတယ်။
အားတင်းထားပါ မြန်မာ ဆိုတဲ့ ကမ္ဘာတစ်လွှားက အသံတွေ စကားတွေ ပလူပျံလို့။ သူမ အလှမယ်တစ်ဦးအနေနဲ့ တာဝန်ကျေတာထက်ကို ပိုခဲ့ပါပြီ။ နိုင်ငံတကာစင်မြင့်ထက်မှာ သူမရဲ့ ယုံကြည်ချက်နဲ့ ပြည်သူတွေရဲ့ အသံကို Speak Out လုပ်ပေးခဲ့ပါပြီ။အလှမယ်လောကကို အထင်မှားခဲ့ကြသူတွေဟာ အလှမယ်တစ်ယောက်ရဲ့ တနိဖိုးကို မြင်လာကြပါပြီ။ပြန်ဖို့ အခက်အခဲတွေ ရှိ။ သုံးစရာ စရိတ်မရှိတော့တဲ့ ကောင်မလေးရဲ့ အပြန်လမ်းဟာ မသေချာ မရေရာ။ သို့သော် ဟန်လေး လုံးဝ နောင်တမရ။ နယ်က လာတဲ့ ရုန်းကန်ခဲ့ရတဲ့ မိန်းကလေးဟာ နိုင်ငံ့အရေးကို ကမ္ဘာက သိအောင် ရဲရဲဝံ့ဝံ့ ပြောပြနိုင်ခဲ့ပြီ။ နိုင်ငံ့အတွက် အထောက်အပံ့ဖြစ်စေခဲ့ပြီ။ ဟန်လေးရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာပါပြီ။Miss Grand Myanmar 2020 ဟန်လေးအား လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။
Credit
About the author
Ms Cele
Leave a Comment