Celebrity


Written by Ms Cele








MRTV-4 ဇာတ်လမ်းတွဲမှာ ပါဝင်တော့မယ်လို့ ကြေငြာလိုက်တဲ့ ငြိမ်းမြတ်သူ

ငြိမ်းမြတ်သူ ကတော့ Facebook ဆယ်လီတစ်ဦဖြစ်ပြီး ပရိသတ်တွေ ကြားမှာ ဝေဖန်ခံရမှု အများအပြားရှိခဲ့သူတစ်ဦးပါ ခြိမ့်ကေကိုနဲ့ တွဲဖက် သရုပ်ဆောင်ခဲ့တဲ့ Music Video အပြီးမှာ တဟုန်ထိုး နာမည်ကြီး လာခဲ့တာဖြစ်ပါတယ်

သူမဟာ ယခုလို ကိုဗစ်ကာလ မှာတော့ သူလုပ်ကိုင်လျက် ရှိတဲ့ အလုပ်တွေကို မရပ်နားပဲ ဆက်လက် လုပ်ကိုင်နေသူ တစ်ယောက်ပါ။ကြော်ငြာ တွေရိုက် photo model လုပ်ရင်း သူမကိုချစ်ခင်အားပေးတဲ့သူတွေကို သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေ ကိုလည်း မျှဝေလေ့ရှိပါတယ်။

ဒါ့အပြင် ယခုအခါ မှာလည်း ငြိမ်းမြတ်သူ ဟာ MRTV-4 ရဲ့ ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်တော့ မည်ဖြစ်ကြောင်း သူမရဲ့ လူမှုကွန်ရက်မှာ မျှဝေလာခဲ့ပါတယ်။

သူမကတော့ ” MRTV 4 ဇက်လန်းတွဲမှာ မကြာခင်တွေ့ရတော့မယ့် တက်သစ်စ အနုပညာရှင်လေးက ? ” ဆိုပြီး မျှဝေလာတာပဲ ဖြစ်ပါတယ်။ဝေဖန်သူတွေကတော့ အမြဲလိုလို သူ့ရဲ့ မန့် အောက်မှာ ဝေဖန်နေကြပြီး share များဖြင့်လည်း မှတ်ချက်တွေ အပေးခံနေရပါတယ်

ငြိမ်းမြတ်သူကတော့ ဝေဖန်တိုက်ခိုက်ခံ ရမှုတွေရှိနေပေမယ့် ယခုအခါမှာတော့ MRTV 4 ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင် ရတဲ့အထိ အောင်မြင်လာခဲ့ပြီပဲဖြစ်ပါတယ် ပရိသတ်ကြီးရဲ့ အမြင်ကိုလည်း မျှဝေခဲ့ကြပါအုန်းနော်

Credit:Shwe Yaung Myanmar

About the author

Ms Cele

Leave a Comment