Celebrity


Written by Ms Cele






MRTV-4 မှာ ထုတ်လွှင့်ပြသနေတဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ သားလေးကောင်းခန့်ကျော်ရဲ့ ဂါရဝပြုကန်တော့ခြင်းခံခဲ့ရတဲ့ ထူးခန့်ကျော်

ပြည်သူချစ် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ထူးခန့်ကျော်ကတော့ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ရင်း အောင်မြင်လာခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ လက်ရှိ MRTV-4 မှာ ထုတ်လွှင့်ပြသနေတဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲမှာလည်း လူမိုက်ကြီး ဗေဒါအဖြစ် ပီပြင်စွာသရုပ်ဆောင် နိုင်မှုကြောင့် ပရိသတ်အားပေးမှုကို ရရှိနေတဲ့ ထူးခန့်ကျော်က ဒီကနေ့မှာလည်း “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲမှ ဒိုက်ငယ်ဘဝ အဖြစ် သရုပ်ဆောင်ထားတဲ့ ကလေး သရုပ်ဆောင်လေးရဲ့ ဂါရဝပြုကန်တော့ ခြင်းခံခဲ့ရတဲ့အကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

ထူးခန့်ကျော်က “မမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲမှ ဒိုက်ငယ်ဘဝအဖြစ် သရုပ်ဆောင်သော သားငယ်လေး မောင်ကောင်းခန့်ကျော်မှ ဗေဒါကြီး ဘုရားဆွမ်းကပ်ဖို့ အတွက်ဆိုပြီး လာရောက်ကာ လှူဖွယ်ပစ္စည်းများနှင့် ဂါဝရတရားရှေ့ထားပြီးကန်တော့ ရှာသောသားငယ်လေးမောင်ကောင်းခန့်ကျော်တို့ မိသားစုဒိထက်မအောင်မြင်ကျော်ကြားပြီး တစ်နေ့တစ်ခြားစီးပွားလာဘ်လာဘများ ဒီရေလားသကဲ့သို့ကြီးပွားတိုးတက်ကြ၍ ကပ်ကြီးသုံးပါးတို့မှလည်း ကင်းဝေးကြပါစေနော်။ ကျွန်တော်ရင်ဘတ်ထဲကပရိတ်သတ်အမျိုးများအားလုံး ကျန်းမာလို့ချမ်းသာကြပါစေနော်🙏🙏🙏🙏🙏” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောလာပါတယ်။

ထူးခန့်ကျော်ကတော့ “မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲနဲ့ သူ့ဘဝရဲ့ အနုပညာမှတ်တိုင် တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ “မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲလေးကလည်း အခုဆိုရင် ဇာတ်ရှိန်မြင့်နေပြီမို့ ဦးဗေဒါကြီး တစ်ယောက် ဒိုက်နဲ့ ရှင်ကွဲကွဲရတော့ မှာလားဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Htoo Khantkyaw ‘s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment