Celebrity


Written by Ms Cele




သူမ တင်ထားတာက သူမနှစ်သက် အားပေးရတဲ့ ကိုဘုန်းရှိန်ထက် နဲ့ ဓာတ်ပုံတွဲရိုက်ပြီး တင်လိုက်တာပါ.. အဲ့တာကို အကောင့်အတု ကနေပြီး အခုလိုရေးပြီးတင် လိုက်တာကြောင့်ပျံ့နှံ့ကုန်တာပါလို့ ဖြေရှင်း လာတာဖြစ်ပါတယ်။





MRTV-4 မှာ ပါဝင်သရုပ်ဆောင်မယ့် သတင်းနဲ့ပတ်သက်ပြီး ပြန်လည် ဖြေရှင်းလိုက်တဲ့ ငြိမ်းမြတ်သူ

ငြိမ်းမြတ်သူ ဟာ ဆိုရင် ခြိမ့်ကေကိုနဲ့ တွဲဖက် သရုပ်ဆောင်ခဲ့တဲ့ Music Video အပြီးမှာ တဟုန်ထိုး နာမည်ကြီး လာခဲ့တာ ဖြစ်ပါတယ် သူမဟာ ယခုလို ကိုဗစ်ကာလမှာတော့ သူလုပ်ကိုင် လျက်ရှိတဲ့ အလုပ်တွေကို မရပ်နားပဲ ဆက်လက် လုပ်ကိုင်နေသူ တစ်ယောက်ပါ။ကြော်ငြာ တွေရိုက် photo model လုပ်ရင်း သူမကိုချစ်ခင်အားပေးတဲ့သူတွေကို သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေ ကိုလည်း မျှဝေလေ့ရှိပါတယ်။

မကြာသေးမီကမှ လူမှုကွန်ယက်မှာ တက်သစ်စ အနုပညာရှင်အဖြစ် MRTV-4 ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင် မယ့် ငြိမ်းမြတ်သူဆိုတဲ့ သတင်းကို အခုလိုပဲ ြိငမ်းမြတ်သူက ပြန်လည်ဖြေရှင်းလာ ခဲ့ပါတယ်။

သူမ တင်ထားတာက သူမနှစ်သက် အားပေးရတဲ့ ကိုဘုန်းရှိန်ထက် နဲ့ ဓာတ်ပုံတွဲရိုက်ပြီး တင်လိုက်တာပါ.. အဲ့တာကို အကောင့်အတု ကနေပြီး အခုလိုရေးပြီးတင် လို်က်တာကြောင့်ပျံ့နှံ့ကုန်တာပါလို့ ဖြေရှင်း လာတာဖြစ်ပါတယ်။

” MRTV-4နဲ့ဇာတ်လမ်းရိုက် မယ်ဆိုတဲ့ သတင်းက အမှားပါ အမှန်မဟုတ်ပါဘူး ငြိမ်းကဆံပင်ဆိုင်မှာ ကိုယ်အားပေးနေတဲ့ကိုကြီးဘုန်းရှိန်ခန့်နဲ့တွေ့လို့ ဓာတ်ပုံ ရိုက်ပြီးငြိမ်းAccမှာတင်ထားတာပါအဲ့တာကို အခြားသူတွေက မဟုတ်တာတွေရေးပြီးတင် ထားတာပါ အဲ့အတွက်ငြိမ်းကကိုကြီး ဘုန်းရှိန်ခန့်နဲ ့MRTV-4ကိုတောင်းပန် ပါတယ်ရှင် ”

ငြိမ်းမြတ်သူဆိုတဲ့ Pageအတုက တင်ထားတာပါ Nyein Myat Thu ဆိုတိုင်း ငြိမ်းတင် တယ်လို့ မထင်ကြပါနဲ့နော် page အတုတွေ အကောင့်တုတွေ အများကြီးပါရှင် ချင့်ချိန်ပီး ယုံပေးကြပါနော် မေတ္တာရပ်ခံပါတယ် ”

ငြိမ်းမြတ်သူ ကတော့ ဝေဖန် တိုက်ခိုက်ခံ ရမှုတွေရှိနေပေမယ့် ယခုအခါ မှာတော့ ပြန်လည်ဖြေရှင်း လာတာပဲဖြစ် ပါတယ် ပရိသတ်ကြီးရဲ့အမြင် ကိုလည်း မျှဝေခဲ့ကြ ပါအုန်းနော်

Credit:မြန်မာဆယ်လီအထူးသတင်းများ

About the author

Ms Cele

Leave a Comment