Celebrity
Written by Ms Cele
MVသီချင်းလေး ရိုက်ကူးတုန်းက တကယ်လဲကျပြီး နာကျင်ထိခိုက်ခဲ့ပေမယ့် လုပ်လက်စ အိုက်တင်ကို အဆုံးထိ လုပ်ဆောင်သွားခဲ့တဲ့ နန်းဆုရတီစိုး
ပရိသတ်ကြီးရ ကြွေရုပ်လေးတစ်ရုပ်လို မထိရက် မကိုင်ရက်နဲ့ အရမ်းလှတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ရုပ်ရှင်လောကနဲ့ ဂီတလောကမှာ ဆယ်စုနှစ် တစ်စုကျော်တိုင် အောင်မြင်မှုတွေများစွာရရှိနေတာပဲ ဖြစ်ပါတယ်။ နန်းဆုရတီစိုးကတော့ အခုဆိုရင် အသက်သုံးဆယ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် ငယ်ရွယ်သူ မိန်းကလေး တွေတောင် လိုက်မမှီနိုင်အောင် ချောမောနုနယ်တာကြောင့် အနုပညာလောကရဲ့ အလှနတ်သမီးလေးတစ်ပါးလို့တောင် တင်စားရမှာပဲ ဖြစ်ပါတယ်။ နန်းဆုရတီစိုးကလည်း သူမရဲ့ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကိုချပြနေပြီး သူမရဲ့ သီချင်းသစ်တွေကိုလည်း ဆက်တိုက်ဆိုသလို မျှဝေပေးနေတာပဲ ဖြစ်ပါတယ်။
ပြီးခဲဲ့့တဲ့ ဇန်နဝါရီလ (၁၄) ရက်နေ့ကလည်း “မင်းအနားမှာ” သီချင်း MV လေးကို ပရိသတ်လက်ထဲထည့်ပေးခဲ့တဲ့ နန်းဆုရတီစိုးက “မင်းအနားမှာ” သီချင်း MV ရိုက်ကူးစဉ်က ရိုက်ကွင်းအမှတ်တရတွေကို ပရိသတ်တွေကို ချပြပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နန်းဆုရတီစိုးက “မင်းအနားမှာ” သီချင်း MV ရိုက်ကူးစဉ်က မင်းသားရှိတဲ့ ကလပ်ကိုလိုက်သွားခဲ့တဲ့ ဇာတ်ဝင်ခန်းမှာ အိုင်တင်လုပ်ရင်း အမှန်တကယ်ဒဏ်ရာရသွားတဲ့အကြောင်းကို “တကယ်လဲကျလို့ ဖိနပ်လဲပြတ် အရမ်းလည်းနာပေမယ့် အိုက်တင်နဲ့ ပဲတော့တစက်မှမလျှော့😅😂” ဆိုပြီး အမှတ်တရ ပြောပြလာပါတယ်။
နန်းဆုရတီစိုး ကတော့ သရုပ်ဆောင် တစ်ယောက်ပီပီ ဘယ်လောက်ပဲ ထိခိုက်ဒဏ်ရာရရ လုပ်စရာရှိတဲ့ အလုပ်ကို အကောင်းဆုံးနဲ့ အပီပြင်ဆုံး လုပ်ဆောင်သွားနိုင်တာ လေးစားစရာပါပဲ။ ပရိသတ်ကြီးလည်း နန်းဆုရဲ့ “မင်းအနားမှာ” သီချင်း MV လေးကို မကြည့်ရသေးရင် ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းပါရစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။
Source: Nansu Yati Soe ‘s fb
Credit:Cele Connections
About the author
Ms Cele
Leave a Comment