Celebrity

“Nature One”မွ ႏို႕မႈန္႕အခက္အခဲျဖစ္ေနတဲ့ ကေလးေတြကို ႏို႕မႈန္႕ဗူး၅၀၀၀လွဴဒါန္းမည္႕အတြက္ ၀မ္းသာေပ်ာ္ရႊင္ေနတဲ့ ခိုင္ႏွင္းေ၀

Written by Ms Cele

“Nature One”မွ ႏို႕မႈန္႕အခက္အခဲျဖစ္ေနတဲ့ ကေလးေတြကို ႏို႕မႈန္႕ဗူး၅၀၀၀လွဴဒါန္းမည္႕အတြက္ ၀မ္းသာေပ်ာ္ရႊင္ေနတဲ့ ခိုင္ႏွင္းေ၀

သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝ ကေတာ့ ဆယ္စုႏွစ္ေက်ာ္ တိုင္ေအာင္ ႐ုပ္ရွင္နဲ႔ ဗီဒီယို ဇာတ္ကား မ်ားတြင္ ပါဝင္ရိုက္ကူးခဲ့ၿပီး ပရိသတ္ေတြရဲ့ အားေပးမႈ ကို ရရွိထားတာ ျဖစ္ပါတယ္။ ျပည္သူေတြအတြက္ တတ္နိုင္သေလာက္ လႉဒါန္းမႈေတြ ျပဳလုပ္ေပးရန္ အျမဲအသင့္ရွိေနသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ အခုလို လိုက္လံ ကူညီေပးေနတဲ့ ခိုင္ႏွင္းေဝရဲ့ စိတ္ထားကေတာ့ ခ်ီးက်ဴးစရာပါပဲေနာ္။

ဒါ့အျပင္ ခိုင္ႏွင္းေဝရင္ေသြးေလး မ်ားေဂဟာ ဆိုၿပီး ေဂဟာေလးတစ္ခုကို တည္ေထာင္ ထားကာ အကူအညီ လိုအပ္ေနတဲ့ ကေလးေလးေတြ ကို ေမတၱာနဲ႔ ေဖးမၿပီး ေႏြးေထြးတဲ့ ရင္ခြင္တစ္စုံကို ေပးကာ ေစာင့္ေရွာက္ေပးေနတာပါ ။ အခုလည္း ဒီလိုခက္ခဲေနတဲ့ ကာလမွာ အမွန္တကယ္ နို႔မႈန႔္ လိုအပ္ေနတဲ့ ကေလးမိခင္ေတြအတြက္ သတင္းေကာင္းေလးတစ္ခုကို ေဝမၽွလာပါတယ္။

ဒီသတင္းေလး ကေတာ့ ” ဝမ္းသာ စိတ္ခ်မ္းသာ စရာ သတင္းေလးပါရွင္.ခုလို ခက္ခဲေန ၾကတဲ့ ကာလ မွာ နို႔ မႈန္႔ အခက္အခဲ ျဖစ္ေနတဲ့ ကေလးေတြ အမ်ားႀကီးရွိေနပါတယ္..က်မရဲ့ မိတ္ေဆြ “Nature One” နို႔မႈန္႔ မွ နို႔မႈန္႔ ဗူး (၅၀၀၀) ကို လႉဒါန္းေပးမည့္ အေၾကာင္း ဖုန္းဆက္ လာတဲ့ အတြက္ အရမ္းဝမ္းသာရပါတယ္..ခက္ခဲ လိုအပ္ေနၾကတဲ့ မည္သည့္ အဖြဲ႕ အစည္း၊ မည္သည့္ လူမ်ိဳး မဆို က်မရဲ့ ဒီ post ေလးေအာက္မွာ လာေရာက္ အလႈခံနိုင္ပါတယ္ရွင္..ဗူး အေရ အတြက္ (၅၀၀၀) ကို တကယ္ လိုအပ္ေနေသာ သူမ်ား ရရွိေအာင္ စီစစ္ လႉဒါန္းေပးသြားပါမယ္..က်မကို ကူညီ လႉဒါန္းေပးတဲ့ “Nature One” နို႔မႈန္႔ ကိုလဲ ေက်းဇူး အမ်ားႀကီး တင္ပါတယ္ရွင္.”ဆိုတဲ့ အေၾကာင္းေလးပဲျဖစ္ရာ ပရိသတ္ႀကီးအတြက္​ ေဝမၽွေပးရင္း လိုအပ္ေနသူ​ေတြလည္း သြားေရာက္ အလႉခံနိုင္ေၾကာင္း သတင္းေပးလိုက္ပါတယ္ေနာ္။

Credit:Cele Zone
Photo – Khine Hnin Wai

“Nature One”မှ နို့မှုန့်အခက်အခဲဖြစ်နေတဲ့ ကလေးတွေကို နို့မှုန့်ဗူး၅ဝဝဝလှူဒါန်းမည့်အတွက် ဝမ်းသာပျော်ရွှင်နေတဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေ ကတော့ ဆယ်စုနှစ်ကျော် တိုင်အောင် ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကား များတွင် ပါဝင်ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှု ကို ရရှိထားတာ ဖြစ်ပါတယ်။ ပြည်သူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်ပေးရန် အမြဲအသင့်ရှိနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလို လိုက်လံ ကူညီပေးနေတဲ့ ခိုင်နှင်းဝေရဲ့ စိတ်ထားကတော့ ချီးကျူးစရာပါပဲနော်။

ဒါ့အပြင် ခိုင်နှင်းဝေရင်သွေးလေး များဂေဟာ ဆိုပြီး ဂေဟာလေးတစ်ခုကို တည်ထောင် ထားကာ အကူအညီ လိုအပ်နေတဲ့ ကလေးလေးတွေ ကို မေတ္တာနဲ့ ဖေးမပြီး နွေးထွေးတဲ့ ရင်ခွင်တစ်စုံကို ပေးကာ စောင့်ရှောက်ပေးနေတာပါ ။ အခုလည်း ဒီလိုခက်ခဲနေတဲ့ ကာလမှာ အမှန်တကယ် နို့မှုန့် လိုအပ်နေတဲ့ ကလေးမိခင်တွေအတွက် သတင်းကောင်းလေးတစ်ခုကို ဝေမျှလာပါတယ်။

ဒီသတင်းလေး ကတော့ ” ဝမ်းသာ စိတ်ချမ်းသာ စရာ သတင်းလေးပါရှင်.ခုလို ခက်ခဲနေ ကြတဲ့ ကာလ မှာ နို့ မှုန့် အခက်အခဲ ဖြစ်နေတဲ့ ကလေးတွေ အများကြီးရှိနေပါတယ်..ကျမရဲ့ မိတ်ဆွေ “Nature One” နို့မှုန့် မှ နို့မှုန့် ဗူး (၅၀၀၀) ကို လှူဒါန်းပေးမည့် အကြောင်း ဖုန်းဆက် လာတဲ့ အတွက် အရမ်းဝမ်းသာရပါတယ်..ခက်ခဲ လိုအပ်နေကြတဲ့ မည်သည့် အဖွဲ့ အစည်း၊ မည်သည့် လူမျိုး မဆို ကျမရဲ့ ဒီ post လေးအောက်မှာ လာရောက် အလှုခံနိုင်ပါတယ်ရှင်..ဗူး အရေ အတွက် (၅၀၀၀) ကို တကယ် လိုအပ်နေသော သူများ ရရှိအောင် စီစစ် လှူဒါန်းပေးသွားပါမယ်..ကျမကို ကူညီ လှူဒါန်းပေးတဲ့ “Nature One” နို့မှုန့် ကိုလဲ ကျေးဇူး အများကြီး တင်ပါတယ်ရှင်.”ဆိုတဲ့ အကြောင်းလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက်​ ဝေမျှပေးရင်း လိုအပ်နေသူ​တွေလည်း သွားရောက် အလှူခံနိုင်ကြောင်း သတင်းပေးလိုက်ပါတယ်နော်။

Credit:Cele Zone
Photo – Khine Hnin Wai

About the author

Ms Cele

Leave a Comment