Celebrity


Written by Ms Cele





Credit:Swelsone News

New Year မှာ အစားအသောက်တွေနဲ့ နှစ်သစ်ကို ကြိုဆိုကြတဲ့ နှင်းဆီအဖွဲ့သားများ

ထပ်ဆင့် အကယ်ဒမီ မင်းသားချောနေတိုး ကတော့ သရုပ်ဆောင် အလုပ်အပြင် လူရွှင်တော်တော် အဖြစ်ပါ လုပ်ကိုင်ပြီး ပရိသတ်တွေရဲ့ အချစ်ကိုပိုမိုရရှိနေတာ ဖြစ်ပါတယ် ။ နှင်းဆီအဖွဲ့ဆိုပြီး လူသိများတဲ့သူတို့ အဖွဲ့လေးမှာတော့ နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ထွန်းထွန်းနဲ့ ရဲလေး တို့က အဓိကပါဝင်ကြတာ ဖြစ်ပါတယ် ။ စည်းစည်းလုံးလုံးရှိပြီး ညီအစ်ကိုတွေပမာ ချစ်ခင်ရင်းနှီးကြတဲ့ နေတိုးတို့အဖွဲ့လေးက တကယ့်ကို ချစ်စရာကောင်းကြတာလည်း ဖြစ်ပါတယ် ။

နှစ်ဟောင်း ကနေ နှစ်သစ်ကိုကူးပြောင်းတဲ့ New Year ညလေးမှာတော့ နေတိုးတို့နှင်းဆီအဖွဲ့သားတွေက အတူတူ ရှိခဲ့ကြတာ ဖြစ်ပါတယ် ။ နေတိုးတို့အဖွဲ့နဲ့အတူ ကိုပေါက်တို ့ဇနီးမောင်နှံကလည်း အလည်လာ ရောက်ပြီး ပျော်ပျော်ပါးပါး စားသောက်ခဲ့ကြတာ ဖြစ်ပါတယ် ။ နှင်းဆီအဖွဲ့ကတော့ ပျော်ရွှင်စရာ ကောင်းတဲ့ New Year Party ပွဲလေးကို နေတိုးပိုင်ဆိုင်တဲ့ “Story Board Movie Studio” ရဲ့ခေါင်မိုးထပ်မှာ ကျင်းပပြုလုပ် ခဲ့တာ ဖြစ်ပါတယ် ။

နေတိုးတို့အဖွဲ့က အကင်တွေ လုပ်စားရင်း နှစ်သစ်ကို အတူတကွ ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ် ။ ကိုပေါက်ကတော့ “နှင်းဆီပန်းပွင့်များနဲ့ နှစ်သစ်ကူးတဲ့ည” ဆိုပြီး ဗီဒီယိုလေးကို တင်ပေးထားတာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာ နေတိုးနဲ့မင်းမော်ကွန်းတို့က ကျော်ကျော်ဗိုလ်ရဲ့စတိုင်လ်ကိုကြည့်ပြီး စနောက်နေကြတာလည်း ဖြစ်ပါတယ် ။ ကဲ New Year ညမှာ လူစုံတက်စုံပျော်နေကြတဲ့ နေတိုးတို့နှင်းဆီ အဖွဲ့ရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Credit:Swelsone News

About the author

Ms Cele

Leave a Comment