Celebrity


Written by Ms Cele





Credit:Cele Gabar

ONE Championship T-shirt အင်္ကျ ီနဲ့ Face mask များရောင်းချ ပြီး ကိုဗစ် အတွက် လှူဒါန်း သွားမယ် ဆိုတဲ့ အောင်လအာန်ဆိုင်း

ပရိသတ်ကြီးရေ မကြာသေး မီက ကျင်းပပြုလုပ်ခဲ့တဲ့ ONE Championship ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ဂုဏ်ထူး အောင် အောင်လအာန်ဆိုင်း တစ်ယောက် ရှုံးနိမ့်သွားတဲ့ အတွက် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပရိသတ်တွေ အတော်လေး စိတ်မကောင်း ဖြစ်ခဲ့ရပေမယ့် အောင်လကတော့ နောက်ပွဲတွေမှာ မရှုံးနိမ့်အောင် ကြိုးစား ယှဉ်ပြိုင်သွား ပါမယ်လို့ ပရိသတ်တွေကို ကတိပေး ခဲ့ပါတယ် ။

လတ်တလော မှာတော့ ONE Championship အထူးသီးသန့် T-shirt အင်္ကျ ီနဲ့ Face mask များကို Myanmar Plaza ရှိ MK Fashion Shop တွင်ရောင်းချလျက် ရှိတယ်လို့သိရပြီး Online order အနေနဲ့ မှာယူလို့ရတဲ့ အကြောင်းကို အောင်လအာန်ဆိုင်းက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာထက် ကနေ ပရိသတ်တွေကို မျှဝေပေးလ ခဲ့ပါတယ် ။ ရောင်းရငွေရဲ့ ၁၀% ကိုဝေဘာဂီ ဆေးရုံရှိ ကိုဗစ်လူနာများ အတွက် လှူဒါန်းသွားမှာဖြစ်တယ် လို့လည်း ရေးသားဖော်ပြခဲ့ပါတယ် ။

ဒါကြောင့် ယခုလိုအချိန်မှာ သင့်အတွက် သေးငယ်တဲ့ လုပ်ဆောင်ချက်တစ်ခုဟာ တစ်စုံ တစ်ယောက် အတွက်တော့ ကြီးမားတဲ့ ပြောင်းလဲမှုကြီးဖြစ်သွား နိုင်ပါတယ် ဆိုတဲ့စာသားလေး နဲ့လည်း ဝယ်ယူအားပေးခြင်းဖြင့် ကိုဗစ်ရောဂါသည်တွေကို ကူညီရာ ရောက်ကြောင်းကို ပရိသတ်တွေကို အသိပေးဖော်ပြခဲ့ တာပဲဖြစ်ပါတယ် ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment