Celebrity

Park Bom နဲ႔အတူ ျပဳလုပ္ ဖန္တီးထားတဲ့ Red Lightသီခ်င္းေၾကာင့္ Kpop Fan ေတြရဲ႕ ျပင္းျပင္းထန္ထန္ ေ၀ဖန္မႈကို ခံေနရတဲ့ စိုင္းစိုင္းခမ္းလႈိင္

Written by Ms Cele

Park Bom နဲ႔အတူ ျပဳလုပ္ ဖန္တီးထားတဲ့ Red Lightသီခ်င္းေၾကာင့္ Kpop Fan ေတြရဲ႕ ျပင္းျပင္းထန္ထန္ ေ၀ဖန္မႈကို ခံေနရတဲ့ စိုင္းစိုင္းခမ္းလႈိင္

ပရိသတ္ႀကီးေရ အႏုပညာ ေလာကမွာ ဆယ္စုႏွစ္ ႏွစ္ခုစာေက်ာ္ေလာက္ ေအာင္ျမင္ေနတဲ့ အခုလက္ရွိလဲ ေအာင္ျမင္မႈ အရွိန္အဟုန္က ပို၍ျပင္းထန္ေနဆဲျဖစ္တဲ့ အဆိုေတာ္ စိုင္းစိုင္းခမ္းလႈိင္ ဆိုတာ အႏုပညာေလာကမွာ ပရိသတ္ အမ်ားဆုံးအႏုပညာရွင္တစ္ေယာက္ပါပဲ… ။ပရိသတ္ေတြ ကို ခ်စ္ခင္ ေလးစားတဲ့အျပင္ အေလးထား ဂ႐ုစိုက္တတ္တာေတြက စိုင္းစိုင္းတစ္ေယာက္ေအာင္ျမင္ေနရတဲ့ အေျခခံအခ်က္အလက္ေတြဆိုတာ မမွားပါဘူး ။

သိပ္မၾကာခင္ကပဲ Forbes က ေ႐ြးခ်ယ္ ထုတ္ျပန္တဲ့ အာရွရဲ႕ အေအာင္ျမင္ဆုံး Digital Star အေယာက္ ၁၀၀ စာရင္းမွာ စိုင္းစိုင္းခမ္းလႈိင္ ဆိုတဲ့ နာမည္လဲ ထည့္သြင္းခံခဲ့ရၿပီး သူရဲ႕ေအာင္ျမင္မႈ အရွိန္ဟုန္က ဆက္လက္ျမင့္တက္ခဲ့ ပါတယ္။ဒါနဲ႔ ရပ္တန္႔မသြား ခဲ့ပါဘူး ေနာ္။သူ႔ပရိသတ္ေတြကို မထင္မွတ္ထားတဲ့ Surprise ထပ္လုပ္ခဲ့ၿပီး ထို Surprise ကေတာ့ 2NE1 ရဲ႕အဖြဲ႕ဝင္ Park Bom နဲ႔ အတူ သီခ်င္းဖန္တီး သီဆိုထားတဲ့ Red Light သီခ်င္းကို ခ်ျပလိုက္တာပဲျဖစ္ပါတယ္။

တကယ္ကို ကိုဗစ္ကာလမွာ မထင္မွတ္ထားတဲ့ စိုင္းစိုင္း ပရိသတ္ေတြ အတြက္ ေပ်ာ္စရာ ဖန္တီးမႈေလးပါပဲ။ ေအာင္ျမင္ျခင္းဆိုတာ အၿမဲတမ္း ေျဖာင့္ျဖဴးေနတာေတာ့ မဟုတ္ပါဘူး။ အေကြ႕အေကာက္ အတိုက္ အခိုက္ အေဝအဖန္ေတြကေတာ့ အေနာက္ကေန ခိုတြဲလာေလ့ရွိပါတယ္။ စိုင္းစိုင္းခမ္းလႈိင္ နဲ႔ Park Bom ရဲ႕ Red Light သီခ်င္းဟာလဲ ေဝဖန္မႈေလးေတြ ခံေနရတာပါ။သီခ်င္း အေပၚေဝဖန္မႈထက္ လူေပၚမူတည္ၿပီး ေဝဖန္ၾကတဲ့ သူက မ်ားပါတယ္ ။ Park Bom ကို ခ်စ္လြန္းလို႔ Park Bom နဲ႔တြဲဆိုမႈအေပၚ ကိုယ့္ႏိုင္ငံသားအဆိုေတာ္အေပၚ ႏွိမ္ခ်တဲ့ အေျပာအဆိုေတြ အျပင္ Kpop Fan တခ်ိဳ႕ရဲ႕ ျပည္တြင္းအဆိုေတာ္အေပၚ အထင္မႀကီးတဲ့ အေျပာအဆိုေတြက ေဝဖန္မႈေတြဆက္တိုက္ ျပဳလုပ္ေနၾကတာပါ။ စိုင္းစိုင္းကေတာ့ ေဝဖန္မႈေတြကို တုန္႔ျပန္မႈေတြရွိမွာ မဟုတ္သလို စိုင္းစိုင္း တစ္ေယာက္ ပို၍ပို၍ ေအာင္ျမင္ၿပီး လူခ်စ္လူခင္ေပါ လာတယ္ဆိုတာ ဒီလိုမ်ိဳး ေဝဖန္တိုက္ခိုက္ မႈတိုင္းကို ကြၽမ္းကြၽမ္း က်င္က်င္နဲ႔ လွလွပပတုံ႔ျပန္ႏိုင္ခဲ့လို႔ပါပဲ ။သီခ်င္းကေတာ့ ၂၁ ရက္ ဒီဇင္ဘာမွာ Official ထြက္လို႔ လာပါၿပီ။ ပရိသတ္ႀကီး အတြက္ စိုင္းစိုင္းရဲ႕ MTV ေလးကိုေဖာ္ျပေပး လိုက္ပါတယ္ေနာ္။

Credit:Celebrity News

Park Bom နဲ့အတူ ပြုလုပ် ဖန်တီးထားတဲ့ Red Lightသီချင်းကြောင့် Kpop Fan တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံနေရတဲ့ စိုင်းစိုင်းခမ်းလှိုင်

ပရိသတ်ကြီးရေ အနုပညာ လောကမှာ ဆယ်စုနှစ် နှစ်ခုစာကျော်လောက် အောင်မြင်နေတဲ့ အခုလက်ရှိလဲ အောင်မြင်မှု အရှိန်အဟုန်က ပို၍ပြင်းထန်နေဆဲဖြစ်တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ဆိုတာ အနုပညာလောကမှာ ပရိသတ် အများဆုံးအနုပညာရှင်တစ်ယောက်ပါပဲ… ။ပရိသတ်တွေ ကို ချစ်ခင် လေးစားတဲ့အပြင် အလေးထား ဂရုစိုက်တတ်တာတွေက စိုင်းစိုင်းတစ်ယောက်အောင်မြင်နေရတဲ့ အခြေခံအချက်အလက်တွေဆိုတာ မမှားပါဘူး ။

သိပ်မကြာခင်ကပဲ Forbes က ရွေးချယ် ထုတ်ပြန်တဲ့ အာရှရဲ့ အအောင်မြင်ဆုံး Digital Star အယောက် ၁၀၀ စာရင်းမှာ စိုင်းစိုင်းခမ်းလှိုင် ဆိုတဲ့ နာမည်လဲ ထည့်သွင်းခံခဲ့ရပြီး သူရဲ့အောင်မြင်မှု အရှိန်ဟုန်က ဆက်လက်မြင့်တက်ခဲ့ ပါတယ်။ဒါနဲ့ ရပ်တန့်မသွား ခဲ့ပါဘူး နော်။သူ့ပရိသတ်တွေကို မထင်မှတ်ထားတဲ့ Surprise ထပ်လုပ်ခဲ့ပြီး ထို Surprise ကတော့ 2NE1 ရဲ့အဖွဲ့ဝင် Park Bom နဲ့ အတူ သီချင်းဖန်တီး သီဆိုထားတဲ့ Red Light သီချင်းကို ချပြလိုက်တာပဲဖြစ်ပါတယ်။

တကယ်ကို ကိုဗစ်ကာလမှာ မထင်မှတ်ထားတဲ့ စိုင်းစိုင်း ပရိသတ်တွေ အတွက် ပျော်စရာ ဖန်တီးမှုလေးပါပဲ။ အောင်မြင်ခြင်းဆိုတာ အမြဲတမ်း ဖြောင့်ဖြူးနေတာတော့ မဟုတ်ပါဘူး။ အကွေ့အကောက် အတိုက် အခိုက် အဝေအဖန်တွေကတော့ အနောက်ကနေ ခိုတွဲလာလေ့ရှိပါတယ်။ စိုင်းစိုင်းခမ်းလှိုင် နဲ့ Park Bom ရဲ့ Red Light သီချင်းဟာလဲ ဝေဖန်မှုလေးတွေ ခံနေရတာပါ။သီချင်း အပေါ်ဝေဖန်မှုထက် လူပေါ်မူတည်ပြီး ဝေဖန်ကြတဲ့ သူက များပါတယ် ။ Park Bom ကို ချစ်လွန်းလို့ Park Bom နဲ့တွဲဆိုမှုအပေါ် ကိုယ့်နိုင်ငံသားအဆိုတော်အပေါ် နှိမ်ချတဲ့ အပြောအဆိုတွေ အပြင် Kpop Fan တချို့ရဲ့ ပြည်တွင်းအဆိုတော်အပေါ် အထင်မကြီးတဲ့ အပြောအဆိုတွေက ဝေဖန်မှုတွေဆက်တိုက် ပြုလုပ်နေကြတာပါ။ စိုင်းစိုင်းကတော့ ဝေဖန်မှုတွေကို တုန့်ပြန်မှုတွေရှိမှာ မဟုတ်သလို စိုင်းစိုင်း တစ်ယောက် ပို၍ပို၍ အောင်မြင်ပြီး လူချစ်လူခင်ပေါ လာတယ်ဆိုတာ ဒီလိုမျိုး ဝေဖန်တိုက်ခိုက် မှုတိုင်းကို ကျွမ်းကျွမ်း ကျင်ကျင်နဲ့ လှလှပပတုံ့ပြန်နိုင်ခဲ့လို့ပါပဲ ။သီချင်းကတော့ ၂၁ ရက် ဒီဇင်ဘာမှာ Official ထွက်လို့ လာပါပြီ။ ပရိသတ်ကြီး အတွက် စိုင်းစိုင်းရဲ့ MTV လေးကိုဖော်ပြပေး လိုက်ပါတယ်နော်။

Credit:Celebrity News

About the author

Ms Cele

Leave a Comment