Celebrity

Rap Game ၁၀ ႏွစ္ျပည့္တဲ့ အခ်ိန္မွာ Snareအဖြဲ႕နဲ႔ စတင္ေတြ႕ဆုံခဲ့တဲ့ အေၾကာင္းကို ေျပာျပလာတဲ့ စိုင္းစိုင္းခမ္းလွိဳင္

Written by Ms Cele

Rap Game ၁၀ ႏွစ္ျပည့္တဲ့ အခ်ိန္မွာ Snareအဖြဲ႕နဲ႔ စတင္ေတြ႕ဆုံခဲ့တဲ့ အေၾကာင္းကို ေျပာျပလာတဲ့ စိုင္းစိုင္းခမ္းလွိဳင္

ျမန္မာနိုင္ငံရဲ့ နာမည္ေက်ာ္ အဆိုေတာ္ တစ္ေယာက္ျဖစ္တဲ့ စိုင္းစိုင္းခမ္းလိုင္ ကေတာ့ အႏုပညာ အရည္အခ်င္း အျပည့္ရွိသလို ပရိသတ္ေတြရဲ့ အခ်စ္ေတြကိုႏွစ္ေပါင္းမ်ားစြာ သိမ္းပိုက္ထားနိုင္တဲ့သူ တစ္ေယာက္ပါ။ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ျဖစ္ၿပီး လူမႈဆက္ဆံေရးအထူးေကာင္းမြန္တဲ့သူတစ္ေယာက္ရယ္လို႔လည္း သတ္မွတ္ျခင္းခံရတာပါ။

စိုင္းစိုင္းကေတာ့ Snareအဖြဲ႕နဲ႔စတင္ေတြ႕ဆုံခဲ့တဲ့အေၾကာင္းကို Rap Game ၁၀ ႏွစ္ျပည့္တဲ့ အခ်ိန္မွာေျပာျပလာတာပါ။ သူ႔ရဲ့ေဖ့ဘြတ္ခ္မွ ာ” ေနဝင္းကို ပထမဆုံးေတြ႕ဖူးတာက Strand Hotel ပြဲ တစ္ခုရဲ့ အေနာက္ဘက္ ေလွကားမွာ က်ေနာ့္ကို ဘုၾကည့္ၾကည့္ ေနတာပဲ သူေတာ့မွတ္မိမယ္ မထင္ဘူး ၿဖိဳးေလးကိုေတာ့ မိုးမိုးရဲ့ ဧရာဝတီလမ္း အိမ္မွာ သူတို႔ မုံရြာသား Rapper ဆိုၿပီး မိတ္ဆက္ ေပးတာ ေနာက္ေတာ့ က်ေနာ္သ႐ုပ္ေဆာင္တဲ့ သိၾကားမင္း.com ႐ုပ္ရွင္ရိုက္ကြင္းမွာ Snare တဖြဲ႕လုံးနဲ႔ စၿပီးခင္ပါတယ္” ဆိုၿပီးေတာ့ ေရးသားခဲ့ပါတယ္။

ေနာက္ပိုင္း မွာေတာ့ အႏုပညာ အလုပ္ေတြ အတူလုပ္ျဖစ္ခဲ့ၿပီး အခုလိုမ်ိဳးေအာင္ျမင္တဲ့ အေျခအေနေတြ အထိေရာက္လာခဲ့တဲ့ အေၾကာင္းကိုလည္း “2010 မွာ Snare debut Rap Game အေခြ Frenzo Production ကေနထြက္လာပါတယ္.. ပြဲရွင္ကလည္း အေခြမထြက္မခ်င္း မငွါးဘူးဗ် ေအးေလ သူက ပြဲသြင္းပါတယ္ဆိုမွ နာမည္မရေသးရင္ ဘယ္ငွါးမလဲ က်ေနာ္လည္း စင္ေပၚမွာ Snare ကို မိတ္ဆက္ဖို႔ လိုတယ္ေပါ့ မင္းတို႔ထဲ ငါ Featuring ဝင္ဆိုမယ္ ဒါဆို အတူတူ ဆိုလို႔ရၿပီေပါ့ အဲဒါ ဒိန္းဂ်ား သီခ်င္းေပါ့ အဲဒီကစၿပီး ညီအစ္ကိုလို ဆိုးတိုင္ပင္ေကာင္း တိုင္ပင္ေပါင္း လာတာ အခု Rap Game ၁၀ ႏွစ္ျပည့္ၿပီတဲ့ Rap Game ၁၀ ႏွစ္ျပည့္ပြဲလည္း လုပ္မယ္တဲ့ Hip Hop Virtual Concert တဲ့ ဒီလ ၂၉ / ၃၀ Facebook မွာ ျပမွာတဲ့ လုပ္ကြာ သားရီးတို႔ မိုက္တယ္ခ်” ဆိုၿပီး ေရးသားလာတာပါ။

စိုင္းစိုင္းအပါအဝင္ Snare အဖြဲ႕ဝင္ေတြလည္း Frenzo အဖြဲ႕အေနနဲ႔ ႏွစ္ေပါင္းမ်ားစြာ ပရိသတ္ေတြရဲ့ အခ်စ္ေတြနဲ႔အတူ ေအာင္ျမင္မႈမ်ားစြာ ဆက္လက္သိမ္းပိုက္ ထားေစဖို႔ ဆုမြန္ေကာင္းေတာင္း လိုက္ပါတယ္။

Credit:Cele Gabar

Rap Game ၁၀ နှစ်ပြည့်တဲ့ အချိန်မှာ Snareအဖွဲ့နဲ့ စတင်တွေ့ဆုံခဲ့တဲ့ အကြောင်းကို ပြောပြလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

မြန်မာနိုင်ငံရဲ့ နာမည်ကျော် အဆိုတော် တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလိုင် ကတော့ အနုပညာ အရည်အချင်း အပြည့်ရှိသလို ပရိသတ်တွေရဲ့ အချစ်တွေကိုနှစ်ပေါင်းများစွာ သိမ်းပိုက်ထားနိုင်တဲ့သူ တစ်ယောက်ပါ။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး လူမှုဆက်ဆံရေးအထူးကောင်းမွန်တဲ့သူတစ်ယောက်ရယ်လို့လည်း သတ်မှတ်ခြင်းခံရတာပါ။

စိုင်းစိုင်းကတော့ Snareအဖွဲ့နဲ့စတင်တွေ့ဆုံခဲ့တဲ့အကြောင်းကို Rap Game ၁၀ နှစ်ပြည့်တဲ့ အချိန်မှာပြောပြလာတာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှ ာ” နေဝင်းကို ပထမဆုံးတွေ့ဖူးတာက Strand Hotel ပွဲ တစ်ခုရဲ့ အနောက်ဘက် လှေကားမှာ ကျနော့်ကို ဘုကြည့်ကြည့် နေတာပဲ သူတော့မှတ်မိမယ် မထင်ဘူး ဖြိုးလေးကိုတော့ မိုးမိုးရဲ့ ဧရာဝတီလမ်း အိမ်မှာ သူတို့ မုံရွာသား Rapper ဆိုပြီး မိတ်ဆက် ပေးတာ နောက်တော့ ကျနော်သရုပ်ဆောင်တဲ့ သိကြားမင်း.com ရုပ်ရှင်ရိုက်ကွင်းမှာ Snare တဖွဲ့လုံးနဲ့ စပြီးခင်ပါတယ်” ဆိုပြီးတော့ ရေးသားခဲ့ပါတယ်။

နောက်ပိုင်း မှာတော့ အနုပညာ အလုပ်တွေ အတူလုပ်ဖြစ်ခဲ့ပြီး အခုလိုမျိုးအောင်မြင်တဲ့ အခြေအနေတွေ အထိရောက်လာခဲ့တဲ့ အကြောင်းကိုလည်း “2010 မှာ Snare debut Rap Game အခွေ Frenzo Production ကနေထွက်လာပါတယ်.. ပွဲရှင်ကလည်း အခွေမထွက်မချင်း မငှါးဘူးဗျ အေးလေ သူက ပွဲသွင်းပါတယ်ဆိုမှ နာမည်မရသေးရင် ဘယ်ငှါးမလဲ ကျနော်လည်း စင်ပေါ်မှာ Snare ကို မိတ်ဆက်ဖို့ လိုတယ်ပေါ့ မင်းတို့ထဲ ငါ Featuring ဝင်ဆိုမယ် ဒါဆို အတူတူ ဆိုလို့ရပြီပေါ့ အဲဒါ ဒိန်းဂျား သီချင်းပေါ့ အဲဒီကစပြီး ညီအစ်ကိုလို ဆိုးတိုင်ပင်ကောင်း တိုင်ပင်ပေါင်း လာတာ အခု Rap Game ၁၀ နှစ်ပြည့်ပြီတဲ့ Rap Game ၁၀ နှစ်ပြည့်ပွဲလည်း လုပ်မယ်တဲ့ Hip Hop Virtual Concert တဲ့ ဒီလ ၂၉ / ၃၀ Facebook မှာ ပြမှာတဲ့ လုပ်ကွာ သားရီးတို့ မိုက်တယ်ချ” ဆိုပြီး ရေးသားလာတာပါ။

စိုင်းစိုင်းအပါအဝင် Snare အဖွဲ့ဝင်တွေလည်း Frenzo အဖွဲ့အနေနဲ့ နှစ်ပေါင်းများစွာ ပရိသတ်တွေရဲ့ အချစ်တွေနဲ့အတူ အောင်မြင်မှုများစွာ ဆက်လက်သိမ်းပိုက် ထားစေဖို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment