Celebrity


Written by Ms Cele





Credit:Cele Zone
Source: Su Pan Htwar

Roar Roarလေးကို ရေကူးသင်ပေးရင် မိသားစုပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေလာတဲ့ ဆုပန်ထွာ

ဆုပန်ထွာကတော့ အနုပညာ အလုပ်တွေကို ယနေ့အချိန်ထိတိုင် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။တစ်ခေတ် တစ်ခါထဲက နာမည်ကျော်ကြား လူကြိုက်များခဲ့ရာ ယနေ့ချိန်ထိ အောင်မြင်မှုကို ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။အမြဲနုပျိုသွက်လက်ကာ စမတ်ကျကျလှနေတာလေး ကလည်း ပရိသတ်တွေကို အချစ်ပိုစေခဲ့တာလည်းဖြစ်ပါတယ်။

ဆုပန်ထွာက ချစ်စရာ သားသားရယ်၊အရမ်းချစ်တတ်တဲ့ ခင်ပွန်းရယ်ကို ပိုင်ဆိုင်ထားတာကြောင့် သူမရဲ့ မိသားစုဘဝလေးက သာယာစိုပြေပြီး ပရိသတ်တွေကလည်း အားကျချစ်ခင် နေရတာလည်းဖြစ်ပါတယ်။သားချောလေး Roar Roar လေးကလည်း ချစ်မွှေးလေးပါပြီး အရမ်းကို လိမ္မာလို့ ဆုပန်ထွာတို့အိမ်ရဲ့ ဆည်းလည်းလေးဆိုလည်း မမှားပါဘူးနော်။

အမြဲလိုလို သူရဲ့လှုပ်ရှားမှုပုံလေးတွေ အပြင် မိသားစု ပျော်ရွှင်စရာ ဗီဒီယိုလေးတွေကိုလည်း ဖော်ပြလေ့ရှိရာ အခုလည်း အားလပ်ရက်လေးမှာ သားလေးကိုရေကူး သင်ပေးရင်း မိသားစုပျော်ပျော်ရွှင်ရွှင် အပန်းဖြေနေ တာပဲဖြစ်ပါတယ်။ ဗီဒီယိုလေးထဲမှာ စနောက် ပျော်ရွှင်နေကြတာကြည့်ရင်း ကိုယ်ပါအပျော်တွေကူးစက် မိတာအမှန်ပါပဲနော်။ ပရိသတ်ကြီးလည်း ဆုပန်ထွာတို ့မိသားစုလေးရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန် မျှဝေပေး လိုက်ပါတယ်။

Credit:Cele Zone
Source: Su Pan Htwar

About the author

Ms Cele

Leave a Comment