Celebrity

Shwe Fm က ေပးအပ္တဲ့ ဆုတံဆိပ္ ေတြနဲ့ လြဲေခ်ာ္ ခဲ့လို႕ ကိုယ့္ကိုကုိယ္ အားေပးစကား ေျပာလာတဲ့ အုပ္စိုးခန့္

Written by Ms Cele

Shwe Fm က ေပးအပ္တဲ့ ဆုတံဆိပ္ ေတြနဲ့ လြဲေခ်ာ္ ခဲ့လို႕ ကိုယ့္ကိုကုိယ္ အားေပးစကား ေျပာလာတဲ့ အုပ္စိုးခန့္

မိန္းကေလး ပရိသတ္ေတြရဲ့ အခိုင္အမာ ဝန္းရံ အားေပးျခင္းကို ရရိွထားတဲ့ လူငယ္ အဆိုေတာ္ အုပ္စိုးခန့္က အသံခ်ိဳခ်ိဳေလးနဲ့ သီခ်င္း ေကာင္းေလးေတြကို သီဆိုတတ္သူ တစ္ေယာက္ ျဖစ္ပါတယ္။ အုပ္စုိးခန့္ ကေတာ့ သီခ်င္းဆိုတာအျပင္ သရုပ္ေဆာင္ဘက္ ကိုလည္း ဝါသနာပါျပီး ျပီးခဲ့တဲ့နွစ္ အတြင္းက “အိပ္မက္ေတြမိုးထားတဲ့အိမ္” ရုပ္သံဇာတ္လမ္းတြဲမွာ ပါဝင္သရုပ္ေဆာင္ခဲ့ပါေသးတယ္။ အုပ္စိုးခန့္ ကေတာ့ အခုဆိုရင္ အသက္နွစ္ဆယ္ေတာင္မျပည့္ေသးတဲ့ ဆယ္ေက်ာ္သက္ေလး တစ္ေယာက္ဆိုေပမယ့္ အနုပညာေလာကမွာ ေအာင္ျမင္တဲ့ ေနရာတစ္ေနရာကို ရရိွေနျပီပဲ ျဖစ္ပါတယ္။

အုပ္စိုးခန့္ကေတာ့ (၂၀၂၀) ခုနွစ္အတြင္းမွာ ပရိသတ္ေတြ အတြက္ အမိုက္စားသီခ်င္းေတြ မ်ားစြာကို ခ်ျပခဲ့ျပီး သီခ်င္းေတြကလည္း ပရိသတ္ ေတြၾကား ေပါက္ခဲ့သလို ေတးသီခ်င္းဆုေပးပြဲ ေတြရဲ့ ဆန္ကာတင္ စာရင္းေတြမွာလည္း ပါဝင္နိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ မေန့က ဒီဇင္ဘာလ (၁၂) ရက္ေန့မွာက်င္းပတဲ့ Shwe FM (၁၁) နွစ္ျပည့္ အခမ္းအနား မွာေတာ့ အုပ္စိုးခန့္ရဲ့ “ပိုင္ရွင္” သီခ်င္းေလးက ဆုတံဆိပ္ေတြနဲ့ လြဲေခ်ာ္ခဲ့ရတာပဲ ျဖစ္ပါတယ္။ အုပ္စိုးခန့္ ကေတာ့ အခြင့္မသာေသးလို ဆုမရရိွေသးတဲ့ အေပၚ “ဒီနွစ္မဟုတ္ေတာ့ ေနာက္နွစ္ေပါ့ဗ်ာ.. Fighting!” ဆိုျပီး သူ့ကိုယ္သူ အားေပး စကားေျပာလာတာကို ေတြ့ရပါတယ္။

အုပ္စိုးခန့္ ကေတာ့ သူ့အေနနဲ့ အခြင့္မသာ ေသးလို့ မရရိွေသးတဲ့ ဆုတံဆိပ္အေပၚ စိတ္ပ်က္သြားျခင္း မရိွပဲ ေနာက္နွစ္ ေတြမွာ ဒီထက္မက ေသခ်ာေပါက္ရယူ နိုင္ဖို့ ၾကိဳးစားမယ္ ဆိုတာ ေျပာစရာေတာင္ လိုမယ္ မထင္ပါဘူး။ အုပ္စိုးခန့္တစ္ေယာက္ ေနာက္နွစ္ေတြ မွာေတာ့ ဆုတံဆိပ္ၾကီးေတြနဲ့ မလြဲမေခ်ာ္ရရိွ ပါေစလို့ ဆုေတာင္းေပးလိုက္ ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾက ပါေစလို႔ ဆုေတာင္းေပးလိုက္ ပါတယ္။

Credit:Cele Connections

Shwe Fm က ပေးအပ်တဲ့ ဆုတံဆိပ် တွေနဲ့ လွဲချော် ခဲ့လို့ ကိုယ့်ကိုကိုယ် အားပေးစကား ပြောလာတဲ့ အုပ်စိုးခန့်

မိန်းကလေး ပရိသတ်တွေရဲ့ အခိုင်အမာ ဝန်းရံ အားပေးခြင်းကို ရရှိထားတဲ့ လူငယ် အဆိုတော် အုပ်စိုးခန့်က အသံချိုချိုလေးနဲ့ သီချင်း ကောင်းလေးတွေကို သီဆိုတတ်သူ တစ်ယောက် ဖြစ်ပါတယ်။ အုပ်စိုးခန့် ကတော့ သီချင်းဆိုတာအပြင် သရုပ်ဆောင်ဘက် ကိုလည်း ဝါသနာပါပြီး ပြီးခဲ့တဲ့နှစ် အတွင်းက “အိပ်မက်တွေမိုးထားတဲ့အိမ်” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အုပ်စိုးခန့် ကတော့ အခုဆိုရင် အသက်နှစ်ဆယ်တောင်မပြည့်သေးတဲ့ ဆယ်ကျော်သက်လေး တစ်ယောက်ဆိုပေမယ့် အနုပညာလောကမှာ အောင်မြင်တဲ့ နေရာတစ်နေရာကို ရရှိနေပြီပဲ ဖြစ်ပါတယ်။

အုပ်စိုးခန့်ကတော့ (၂၀၂၀) ခုနှစ်အတွင်းမှာ ပရိသတ်တွေ အတွက် အမိုက်စားသီချင်းတွေ များစွာကို ချပြခဲ့ပြီး သီချင်းတွေကလည်း ပရိသတ် တွေကြား ပေါက်ခဲ့သလို တေးသီချင်းဆုပေးပွဲ တွေရဲ့ ဆန်ကာတင် စာရင်းတွေမှာလည်း ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မနေ့က ဒီဇင်ဘာလ (၁၂) ရက်နေ့မှာကျင်းပတဲ့ Shwe FM (၁၁) နှစ်ပြည့် အခမ်းအနား မှာတော့ အုပ်စိုးခန့်ရဲ့ “ပိုင်ရှင်” သီချင်းလေးက ဆုတံဆိပ်တွေနဲ့ လွဲချော်ခဲ့ရတာပဲ ဖြစ်ပါတယ်။ အုပ်စိုးခန့် ကတော့ အခွင့်မသာသေးလို ဆုမရရှိသေးတဲ့ အပေါ် “ဒီနှစ်မဟုတ်တော့ နောက်နှစ်ပေါ့ဗျာ.. Fighting!” ဆိုပြီး သူ့ကိုယ်သူ အားပေး စကားပြောလာတာကို တွေ့ရပါတယ်။

အုပ်စိုးခန့် ကတော့ သူ့အနေနဲ့ အခွင့်မသာ သေးလို့ မရရှိသေးတဲ့ ဆုတံဆိပ်အပေါ် စိတ်ပျက်သွားခြင်း မရှိပဲ နောက်နှစ် တွေမှာ ဒီထက်မက သေချာပေါက်ရယူ နိုင်ဖို့ ကြိုးစားမယ် ဆိုတာ ပြောစရာတောင် လိုမယ် မထင်ပါဘူး။ အုပ်စိုးခန့်တစ်ယောက် နောက်နှစ်တွေ မှာတော့ ဆုတံဆိပ်ကြီးတွေနဲ့ မလွဲမချော်ရရှိ ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment