Celebrity

Shwe FM မွ တစ္နွစ္တာ အတြင္း ပရိသတ္ အမ်ားဆံုး သီခ်င္း ေတာင္းဆိုမႈ (အမ်ိဳးသမီး)ဆုကို ရရိွခဲ့တဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳ ရဲ့ ပီတိစကား

Written by Ms Cele

Shwe FM မွ တစ္နွစ္တာ အတြင္း ပရိသတ္ အမ်ားဆံုး သီခ်င္း ေတာင္းဆိုမႈ (အမ်ိဳးသမီး)ဆုကို ရရိွခဲ့တဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳ ရဲ့ ပီတိစကား

ပရိသတ္ေတြက ေမာင္ခ်ိဳလို ့ခ်စ္စနိုးနဲ့ေခၚၾကတဲ့ အဆိုေတာ္ ခ်မ္းေျမ့ေမာင္ခ်ိဳ ကေတာ့ Myanmar Idol Season (3) ရဲ့ 1st Runner Up ဆုရွင္ တစ္ေယာက္ ပဲ ျဖစ္ပါတယ္။ ခ်မ္းေျမ့ေမာင္ခ်ိဳ ကေတာ့ သူမရဲ့ ဂီတသက္တမ္း နွစ္ အနည္းငယ္ အတြင္းမွာ ပရိသတ္ေတြရဲ့ အားေပး မႈကို တစ္ခဲနက္ ရရိွခဲ့ျပီး သူမရဲ့ “Eleven” ဆိုတဲ့ အယ္လ္ဘမ္ ကိုလည္း ထုတ္လုပ္ထားခဲ့တာပဲ ျဖစ္ပါတယ္။ အသက္နွစ္ဆယ္ စြန္းစြန္းအရြယ္သာ ရိွေသးတဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳ ကေတာ့ ဂီတလမ္းေၾကာင္းမွာ ေအာင္ျမင္မႈေတြ မ်ားစြာနဲ့ ရပ္တည္ေနသူေလး တစ္ေယာက္ ဆိုလည္း မမွားပါဘူး။

ဒီကေန့ မွာေတာ့ ခ်မ္းေျမ့ေမာင္ခ်ိဳက Shwe FM မွ တစ္နွစ္တာ အတြင္း ပရိသတ္ အမ်ားဆံုး သီခ်င္းေတာင္းဆိုမႈ (အမ်ိဳးသမီး)ဆုကို ထိုက္ထိုက္ တန္တန္ ရရိွခဲ့ျပီပဲ ျဖစ္ပါတယ္။ ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ သူမကိုယ္တိုင္လည္း ထင္မထား ေလာက္တဲ့ ဆုတံဆိပ္ကို ရရိွခဲ့တာေၾကာင့္ “ဘာေျပာရမွန္းေတာင္ မသိေတာ့ပါဘူး။ ေက်းဇူးအမ်ားႀကီး တင္ပါတယ္ milestones 🤍 Shwe FM လဲေက်းဇူးတင္ပါတယ္ 🤍 ဒီသီခ်င္းေလးကို လက္ေဆာင္ေပးခဲ့တဲ့ ကိုဟဲေလး ကိုလဲေက်းဇူးအရမ္း တင္ပါတယ္ဗ်ာ 🤍🤍🤍 ဆက္ျပီးႀကိဳးစား ပါဦးမယ္ 🤍” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္ စာမ်က္နွာကေန တဆင့္ ဝမ္းသာစကား ေျပာလာ ခဲ့ပါတယ္။

ခ်မ္းေျမ့ေမာင္ခ်ိဳ ကေတာ့ ယခု (၂၀၂၀) ခုနွစ္အတြင္း မွာပဲ JOOX က ေပးအပ္တဲ့ ဆု(၂) ဆုကို ရရိွခဲ့ျပီး အခု နွစ္ကုန္ခါနီး အခ်ိန္မွာလည္း ပရိသတ္ေတြ ဂုဏ္ယူရေအာင္ ဆုတံဆိပ္ တစ္ခုကို ထပ္မံဆြတ္ခူး နိုင္ခဲ့ျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီး လည္း ေမာင္ခ်ိဳေလး အတြက္ ထပ္တူဝမ္းသာ ေနၾကမယ္ ဆိုတာ ေသခ်ာပါ တယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာ ေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾက ပါေစလို႔ ဆုေတာင္းေပး လိုက္ ပါတယ္။

Credit:Cele Connections

Shwe FM မှ တစ်နှစ်တာ အတွင်း ပရိသတ် အများဆုံး သီချင်း တောင်းဆိုမှု (အမျိုးသမီး)ဆုကို ရရှိခဲ့တဲ့ ချမ်းမြေ့မောင်ချို ရဲ့ ပီတိစကား

ပရိသတ်တွေက မောင်ချိုလို ့ချစ်စနိုးနဲ့ခေါ်ကြတဲ့ အဆိုတော် ချမ်းမြေ့မောင်ချို ကတော့ Myanmar Idol Season (3) ရဲ့ 1st Runner Up ဆုရှင် တစ်ယောက် ပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချို ကတော့ သူမရဲ့ ဂီတသက်တမ်း နှစ် အနည်းငယ် အတွင်းမှာ ပရိသတ်တွေရဲ့ အားပေး မှုကို တစ်ခဲနက် ရရှိခဲ့ပြီး သူမရဲ့ “Eleven” ဆိုတဲ့ အယ်လ်ဘမ် ကိုလည်း ထုတ်လုပ်ထားခဲ့တာပဲ ဖြစ်ပါတယ်။ အသက်နှစ်ဆယ် စွန်းစွန်းအရွယ်သာ ရှိသေးတဲ့ ချမ်းမြေ့မောင်ချို ကတော့ ဂီတလမ်းကြောင်းမှာ အောင်မြင်မှုတွေ များစွာနဲ့ ရပ်တည်နေသူလေး တစ်ယောက် ဆိုလည်း မမှားပါဘူး။

ဒီကနေ့ မှာတော့ ချမ်းမြေ့မောင်ချိုက Shwe FM မှ တစ်နှစ်တာ အတွင်း ပရိသတ် အများဆုံး သီချင်းတောင်းဆိုမှု (အမျိုးသမီး)ဆုကို ထိုက်ထိုက် တန်တန် ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုကတော့ သူမကိုယ်တိုင်လည်း ထင်မထား လောက်တဲ့ ဆုတံဆိပ်ကို ရရှိခဲ့တာကြောင့် “ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ကျေးဇူးအများကြီး တင်ပါတယ် milestones 🤍 Shwe FM လဲကျေးဇူးတင်ပါတယ် 🤍 ဒီသီချင်းလေးကို လက်ဆောင်ပေးခဲ့တဲ့ ကိုဟဲလေး ကိုလဲကျေးဇူးအရမ်း တင်ပါတယ်ဗျာ 🤍🤍🤍 ဆက်ပြီးကြိုးစား ပါဦးမယ် 🤍” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ တဆင့် ဝမ်းသာစကား ပြောလာ ခဲ့ပါတယ်။

ချမ်းမြေ့မောင်ချို ကတော့ ယခု (၂၀၂၀) ခုနှစ်အတွင်း မှာပဲ JOOX က ပေးအပ်တဲ့ ဆု(၂) ဆုကို ရရှိခဲ့ပြီး အခု နှစ်ကုန်ခါနီး အချိန်မှာလည်း ပရိသတ်တွေ ဂုဏ်ယူရအောင် ဆုတံဆိပ် တစ်ခုကို ထပ်မံဆွတ်ခူး နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း မောင်ချိုလေး အတွက် ထပ်တူဝမ်းသာ နေကြမယ် ဆိုတာ သေချာပါ တယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက် ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment