Celebrity


Written by Ms Cele





Credit:CELELUCKY

Single ဘဝနဲ့နေထိုင်ပေမယ့် ကံကြမ္မာရဲ့အလှည့်အပြောင်းတွေကြောင့် နောက်ထပ် ချစ်သူရနေပြီဆိုတဲ့အကြောင်း ပရိသတ်တွေကိုဝန်ခံလိုက်တဲ့ ဥက္ကာမင်းမောင်

သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့အချစ်ရေးကို ပရိသတ်တွေကို အမြဲ ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူပါနော်။ ပထမ အိမ်ထောင် ဆုံးပါးသွားတဲ့ အချိန်မှာ အတော်လေးကို ခံစားခဲ့ရတာပါနော်။ နောက်တစ်ယောက် နဲ့လည်း သုံးနှစ်ကျော်လက်တွဲပြီးနောက် လွန်ခဲ့တဲ့ ခြောက်လလောက်က လမ်းခွဲပြတ်စဲခဲ့တာပါနော်။

လောလောဆယ်တော့ Single ဘဝနဲ့ နေထိုင်ပေမယ့်လည်း ကံကြမ္မာရဲ့အလှည့်အပြောင်း တွေကြောင့် နောက်ထပ်ချစ်သူ ရနေပြီဆိုတဲ့ အကြောင်း ပရိသတ်တွေကို ဝန်ခံလိုက်ပါပြီနော်။ ” ဘာလိုလိုနဲ့ Single ဖြစ်တာ ၆ လ​တောင်ရှိသွားပြီ..ကိုယ့်နိုင်ငံအ​ရေး​တွေနဲ့ အလုပ်မအားတာနဲ့ စိတ်က Dating life ဘက်ကို စိတ်မပါ​လို့ ဘယ်သူနဲ့မှ မ date ဘဲတစ်​ယောက်ထဲ ​အေး​ဆေး​နေတာ ဘဝက အရမ်း​အေးချမ်းတာပဲ.. လွတ်လပ်ခြင်းအပြည့်.. ​ရည်းစား​ဟောင်းကို လဲပြန်မလိုချင်ဘူး.. အသစ်လည်း မထားချင်ဘူး…

သြော် ငါ ဒီတစ်ခါ​တော့ Single ဘဝနဲ့ အကြာကြီး​နေဦးမယ်​ပေါ့… အာ့လို ဆုံးဖြတ်ထားတာ.. သို့​ပေမယ့် လည်း လောကကြီးမှာ ကံကြုံလာရင် ကိုယ်က မရှာ​​သော်လည်း ကိုယ့်​ရှေ့​မှောက် ရောက်​ရောက်လာ တတ်တယ်တဲ့.. အမှန်ပဲ.. ဟိဟိ.. စ​တွေ့တာ ရက်ပိုင်းပဲ ရှိ​သေးတယ်.. တည်ငြိမ်​နေတဲ့ ကန်​ရေပြင်ကို ခဲနဲ့ လာ​ပေါက်တာလား အနုမြူဗုံးလာကြဲတာလား​တော့ မသိ.. စိတ်က​တော့ ယွစိယွစိဂယက်တစ်သိန်း ထ​နေပြီ .. ဘာ​တွေ ဆက်ဖြစ်မလည်းတော့ မသိ..ရင်​တွေခုန်.. အား 😁🤣😂😜” လို့ ရေးသားထားပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment