Celebrity


Written by Ms Cele






Surprise ဆိုတဲ့ အရာကို မောင့်ဆီက ရရှိခဲ့ပြီ ဖြစ်ကြောင်း လက်ထပ် လက်စွပ်လေးနဲ့တကွ ပြသလိုက်တဲ့ ဖြူဖြူကျော်သိန်း

ဆရာဝန် တစ်ယောက်ဖြစ်သလို အနုပညာရှင် တစ်ယောက်လည်းဖြစ်တဲ့ ဖြူဖြူကျော်သိန်း ကတော့ သူမရဲ့ အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုတဲ့ သီချင်းတွေကြောင့် ပရိသတ်တွေကြားမှာ ဆယ်စုနှစ်တိုင် အောင်မြင်နေသူ တစ်ယောက် ဖြစ်ပါတယ်။ ဖြူဖြူကျော်သိန်းကတော့ အခုဆိုရင် အသက်အရွယ်တစ်ခု ရောက်ရှိနေပြီဆိုပေမယ့် အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း အပျိုကြီးအဖြစ် အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဖြူဖြူကျော်သိန်းရဲ့ သီချင်းဟောင်းတွေရော သီချင်းသစ်တွေကိုပါ စွဲစွဲမြဲမြဲအားပေးနေကြဆဲ ဖြစ်ပါတယ်။

ပရိသတ်တွေကို အမြဲတမ်းလိုလို စိတ်ဝင်စားအောင် ဖန်တီးလေ့ရှိတဲ့ ဖြူဖြူကျော်သိန်းက ဒီကနေ့မှာလည်း လက်ထပ် လက်စွပ်လေးနဲ့ ပရိသတ်တွေကို အာရုံစိုက်စေ ခဲ့ပြန်ပါပြီ။ ဖြူဖြူကျော်သိန်းက “ဘဝ မှာ surprise ဆိုလို့ အခက်အခဲတွေပဲ ရှိခဲ့ဖူးတာ…. Thank you မောင် 💞. တကယ်ကိုအချစ်ရှိတယ်နော်💕” ဆိုပြီး လက်ထပ် လက်စွပ်လေးနဲ့ ပုံရိပ်ကို ပရိသတ်တွေဆီ ချပြလာခဲ့ပါတယ်။

ဖြူဖြူကျော်သိန်း ကတော့ ဘဝမှာ Surprise ဆိုတဲ့အရာကို မောင့်ဆီက ရရှိခဲ့ပြီဖြစ်ကြောင်း လက်ထပ် လက်စွပ်လေးနဲ့တကွ ပြောပြလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဖြူဖြူကျော်သိန်း တစ်ယောက် တကယ်ပဲ လက်ထပ်ခွင့်တောင်းခံခဲ့ရပြီလားဆိုတာ စိတ်ဝင်စားနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။

Source: Phyu Phyu Kyaw Thein’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment