Celebrity
Written by Ms Cele
Credit:Cele Gabar
TC Candler က ထုတ်ပြန်တဲ့ ကမ္ဘာ့အလှဆုံး အယောက်(၁၀၀)ရဲ့ ဆန်ခါတင် စာရင်းမှာ ထည့်သွင်း ဖောပြခံရတဲ့ မေမြင့်မိုရ်
ပရိသတ်တွေက မေလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး မေမြင့်မိုရ် ကတော့ အပြုံးချိုချိုလေးတွေနဲ့အတူ ဆွဲဆောင်မှုရှိတဲ့ အလှပိုင်ရှင်လေးပါ။ သူ့ကိုတေ့ာ မော်ဒယ်လ်၊သရုပ်ဆောင် တစ်ယောက်အနေနဲ့သိကြမှာဖြစ်ပြီး ရုပ်သံဇာတ်လမ်းတွဲတွေကြောင့်လည်း လူသိများတဲ့သူတစ်ယောက်ပါ။
ကမ္ဘာ့အလှဆုံး အယောက်(၁၀၀) စာရင်းကို ထုတ်ပြန်လေ့ရှိတဲ့ TC Candler ကတော့ အခုနှစ်ရဲ့ဆန်ခါတင် စာရင်းမှာ မေမြင့်မိုရ်ကို ထည့်သွင်း ဖော်ပြလာခဲ့ပါတယ်။ မြန်မာနိုင်ငံ ကနေပြီးတော့ ဝတ်မှုန်ရွှေရည်နဲ့ နော်ဖောအယ်ထား ကိုလည်း ဆန်ခါတင်အဖြစ် ရွေးချယ်ဖော်ပြခဲ့ပါတယ်။ ဒီစာရင်းမှာတော့ နိုင်ငံတကာက အနုပညာရှင်တွေနာမည်ကျော်တဲ့ သူတွေ ပါဝင်တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံက အချောအလှလေးတွေ ကတော့ အခုနှစ်မှာပါဝင်လာခဲ့တဲ့ အတွက် ပရိသတ်တွေ ကတော့ ဝမ်းသာဂုဏ်ယူလျက် ရှိပါတယ်။ ကွန်ကရက်ကျူလေးရှင်းပါမေရေ…
Credit:Cele Gabar
About the author
Ms Cele
Leave a Comment