Celebrity


Written by Ms Cele





#Crd

The Voice Myanmar Season (3)မှာ ကြုံတွေ့ခဲ့ ရတဲ့ အခက်အခဲ တွေကို ရင်ဖွင့် လာတဲ့ ခင်ရတနာစိုး

The Voice Myanmar Season (3) သီချင်းဆိုပြိုင်ပွဲကြီးကတော့ ရက်သတ္တပတ် တစ်ပတ်ထက် တစ်တစ်ပတ် ရင်ခုန်စိတ်လှုပ်ရှား ဖို့ကောင်းလာပါပြီ။ပြိုင်ပွဲဝင် တွေက ကြိုးကြိုးစားစားနဲ့ သီဆိယှဉ်ပြိုင်ကြပြီးပြုတ်တဲ့ သူတွေက ပြုတ်သွားကြသလို နောက်တဆင့် တက်သွားတဲ့သူတွေကလည်းLive Show မှာ သီဆိုဖို အတွက် ဆက်လက်ကြိုးစားနေကြပြီ ဖြစ်ပါတယ်။ထိုထဲကမှ Team Ni Ni ကနေ ပါဝင်ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင် ခင်ရတနာစိုးကလည်းKnock Out မှာ အနိုင်ရရှိခဲ့ပြီး Live Show မှာ သီဆိုဖို့ အခွင့်အရေးရခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ခင်ရတနာစိုး က Knock Out မှာ အနိုင်ရရှိခဲ့ပေမယ့်လည်း စင်နောက်မှာမိသားစု အကြောင်းပြောရင်း မျက်ရည်ကျခဲ့မိတာကြောင့် သူမရဲ့ဖြစ်စဉ်နဲ့ ပက်သတ်ပြီး အခုလိုပဲ ဖြေရှင်း လာပါတယ်။ “ညီမအစောကထဲက မျက်ရည်မထိန်းနိုင်ခဲ့လို့ အပြောခံရမယ်ဆိုတာ သိပါတယ်ရှင်။ဒါပေမယ့်လဲ ညီမပျော်နိုင်တဲ့ခံစားချက်ကို ညီမမထိန်းနိုင်လို့ဖြစ်ခဲ့ရသည့်အတွက် အနူးအညွတ်တောင်းပန်ပါတယ်ရှင်ရှေ့ဆက် လဲပိုကြိုးစားပါ့မယ်။ ပရိတ်သတ်Votingနဲ့ ညီမတက်လမ်းကဆက်လျှောက်ရမှာဖြစ်တဲ့အတွက်ညီမကိုနောက်အဆင့်တွေမှာ Voteဖို့လဲ တောင်းဆိုချင်ပါတယ်ရှင် ကျေးဇူးအများကြီးတင်ပါတယ်” ဆိုပြီးပွင့်ပွင့်လင်းလင်းပြောလာခဲ့ပါတယ်။

ခင်ရတနာစိုး ကတော့ ပြိုင်ပွဲစတင်ယှဉ်ပြိုင် ကတည်းက မြန်မာသီချင်းတွေနဲ့သာ ပါဝင်ယှဉ်ပြိုင်တာများပြီး သူမရဲ့ ကြည်လင်ပြတ်သားတဲ့ အသံကြောင့် ပရိသတ်အားပေး မှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း နောက်အဆင့် တွေမှာ ခင်ရတနာစိုးကို ဆက်လက် အားပေးဖို့ မမေ့ကြပါနဲ့နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

#Crd

About the author

Ms Cele

Leave a Comment