Celebrity


Written by Ms Cele





Credit:Cele Gabar

The Voice Myanmar Season-3 ကထွက်သွား ရလို့ ပရိသတ်တွေ အတွက် တာဝန်မကျေ ခဲ့ကြောင်း စိတ်မကောင်းစွာ ပြောပြခဲ့တဲ့ ဂျပန်ကြီး

The Voice Myanmar Season-3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ ပရိသတ်အားပေးမှု တစ်ခဲနက်ရရှိထားတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ဂျပန်ကြီး ကတော့ မနေ့ညက ထုတ်လွှင့်ပြသ ခဲ့တဲ့ Knock Outs Round မှာပဲ နှုတ်ဆက်ထွက်ခွာ ခဲ့ရပြီ ဖြစ်ပါတယ်။ ဂျပန်ကြီးကတော့ စစ်ကိုင်းတိုင်း ကလေးမြို့ ကနေ လာရောက်ယှဉ်ပြိုင်ခဲ့ သူဖြစ်ပြီး Blind Audition မှာကတည်းက စစ်သူ ရဲ့ ငါ့ဘဝ သီချင်းနဲ့ ဒိုင်လေးဦးစလုံး လှည့်ကြည့်ခြင်းကို ရရှိခဲ့သူပါ။

Battle Round မှာတော့ Team ကျားပေါက် အဖွဲ့ဝင် အနေနဲ့ တွမ်ပီးနဲ့အတူ Battle သီဆိုခဲ့ ရတာဖြစ်ပြီး ဒိုင်ဖြစ်သူကျားပေါက်ရဲ့ ရွေးချယ်ခြင်း မရရှိခဲ့ပေမယ့် ဒိုင်တစ် ဦးဖြစ်သူ ရန်ရန်ချန်း Steal လုပ်ခဲ့ တာကြောင့် Knock Outs Round တက်လှမ်းခွင့်ရရှိခဲ့ တာဖြစ်ပါတယ်။ မနေ့ညက ထုတ်လွှင့်မှု မှာတော့ Team YC အဖွဲ့ဝင်တွေအနေနဲ့ ဂျန်ဂျန်၊ နော်ဂျာလေး၊ မိုးသား တို့နဲ့အတူ ယှဉ်ပြိုင်သီဆိုခဲ့ပြီး ပြိုင်ပွဲရဲ့ ထုံးစံအရ ပြိုင်ပွဲဝင်နှစ်ဦးကိုသာ ရွေးချယ်ခဲ့ရာမှာ ဂျန်ဂျန်နဲ့ မိုးသား တို့က ရွေးချယ်ခံခဲ့ရပါတယ်။ ဂျပန်ကြီးကတော့ ပြိုင်ပွဲအစကတည်းက ပရိသတ်အားပေးမှု အခိုင်အမာရထားသူပီပီ သူ့ရဲ့ဆုံးရှုံးမှုကိုတော့ ပရိသတ်တွေ အားလုံးက စိတ်မကောင်းဖြစ် ခဲ့ကြသလို သူကိုယ်တိုင် လည်း အခုလိုမျှော်လင့် ထားသလို ဖြစ်မလာတဲ့အပေါ်မှာ

ဦးစွာThe Voice Myanmar ကိုလာရောက် ယှဉ်ပြိုင်ခွင့်ပေးတဲ့ အဖေနဲ့အမေကို ကျေးဇူးတင်ပါတယ်ဗျ…. The Voice Myanmar Season3 ကနေထွက်ခွာ သွားခဲ့ပြီဖြစ်ပါတယ် ကိုယ်ကြိုက်တာတွေ လုပ်ခွင့်ရခဲ့ပါတယ်ဗျ… အခုချိန်ထိ အားပေးခဲ့တာကိုကျေးဇူး အထူးတင်ပါတယ်ဗျ …. အများကြီးမျှော်လင့်ပြီး အားပေးခဲ့ကြပါတဲ့ ကျွန်တော့်အဖေနဲ့အမေ ပြီးတော့အမျိုးတွေရယ် ညီအကိုမောင်နှမတွေရယ် ဆူရှီတွေ ရယ်ကို တာဝန်မကျေသလိုဖြစ်ခဲ့ပြီဗျာ စိတ်မကောင်းစွာ ရေးသားမျှဝေခဲ့ပါတယ်။ ဒါ့အပြင် သီချင်းတွေနဲ့ဆက်ပြီးကြိုးစား သွားပါ့မယ်ဗျ သီချင်းချစ်သူတွေ အတွက် သီချင်းတွေနဲ့ဆက်ရှိနေ ပါအုံးမယ်ဗျာ ဆိုပြီးတော့လည်း ကတိပေးခဲ့ပါတယ် ပရိသတ်ကြီးရေ…

Credit:Cele Gabar

About the author

Ms Cele

Leave a Comment