Celebrity

Tik Tokေဆာ့တာ နဲ့ ပတ္သက္ၿပီး ေ၀ဖန္ေနသူ ေတြကို ျပတ္ျပတ္သားသား ျပန္လည္တံု႕ျပန္ လိုက္တဲ့ ခ်မ္းမီမီကို

Written by Ms Cele

Tik Tokေဆာ့တာ နဲ့ ပတ္သက္ၿပီး ေ၀ဖန္ေနသူ ေတြကို ျပတ္ျပတ္သားသား ျပန္လည္တံု႕ျပန္ လိုက္တဲ့ ခ်မ္းမီမီကို

သရုပ္ေဆာင္နဲ့ ေမာ္ဒယ္လ္ ခ်မ္းမီမီကိုကေတာ့ ဆယ္ေက်ာ္ သက္အရြယ္ ကတည္းက အနုပညာေလာက ထဲကို ဝင္ေရာက္လာခဲ့ျပီး လူသိမ်ားလာခဲ့သူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခ်မ္းမီမီကိုက သူမေအာင္ျမင္ေနဆဲ အခ်ိန္မွာ (၂၀၁၄) ခုနွစ္မွာ လက္ထပ္ခဲ့ျပီးေနာက္ သားေလး တစ္ေယာက္ကို ေမြးဖြား ခဲ့တာပဲ ျဖစ္ပါတယ္။ လက္ရိွမွာ အိမ္ေထာင္နဲ့ ကြာရွင္းထား တဲ့ ခ်မ္းမီမီကိုက သူမရဲ့ဘဝကုိ အစကေန စတင္ျပီး သားေလးတစ္ဖက္နဲ့ အနုပညာေလာက ထဲကို ျပန္လည္ဝင္ ေရာက္ဖို့ ၾကိဳးစားေနတာပဲ ျဖစ္ပါတယ္။

လက္ရိွမွာ ဘုရားတရား လုပ္ရင္း ဘဝကို ေအးခ်မ္းစြာ ျဖတ္သန္းေနတဲ့ ခ်မ္းမီမီကိုက အေပ်ာ္ Tik Tok ရိုက္တာေတာင္ “ကြာရွင္းျပီးရူးသြား တာလား မသိဘူး” လို့ ျပစ္တင္ေဝဖန္သူနဲ့ ၾကံဳဆံုခဲ့ ရေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။ “ကြ်န္မ အသက္ငယ္ ေသးတယ္။ ကြ်န္မ လုပ္သင့္တယ္ ထင္ရင္ လုပ္တယ္။ ကြ်န္မအသက္ ယခု အသက္ နွစ္ဆယ့္ရွစ္ အားလံုးကိုေလးစားတယ္။ ဘယ္သူဘာ အလုပ္လုပ္ေနပါေစ။ တန္းတူပဲခ်စ္တယ္။ ဆင္းရဲခ်မ္းသာ ေနပါေစ မခြဲျခားဘူး။ ဒါကြ်န္မ ခံယူခ်က္ပါ။ Comment ေလးေတြ့လို့ ကြ်န္မ ဖ်က္ဖို့ ၾကိဳးစားၾကည့္တယ္။ သူတို့ေရးသားထားတဲ့အရာကို ကြ်န္မလြယ္လင့္တကူ ဖ်က္နုိင္မလားေပါ့။ ကြ်န္မက Comment ကို ဇြတ္ေျပာင္းဖို့ ၾကိဳးစားအားထုတ္ ေနသူျဖစ္ေနတယ္ဆိုတာပဲ သူထက္ပိုမိုက္သြားမယ္။ ဒီတိုင္း အမွတ္တရေလးထား ထားတယ္။ ခ်စ္တယ္” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေရးသားထားပါတယ္။

ခ်မ္းမီမီကိုကေတာ့ အိမ္ေထာင္နဲ့ကြာရွင္းျပီး အနုပညာေလာက ထဲကို ျပန္လည္ဝင္ေရာက္လာခ်ိန္မွာ ေႏြးေထြးစြာ ၾကိဳဆိုသူေတြ ရိွသလို ျပစ္တင္ေဝဖန္သူေတြနဲ့လည္း ၾကံဳဆံုခဲ့ရတာပဲ ျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ကိုယ့္ကို အမုန္းနဲ့ဆက္ဆံသူကို ျပန္ျပီးေမတၱာထား နိုင္တယ္ဆိုတာ ခ်မ္းမီမီကိုရဲ့ ေလးစားဖြယ္ စိတ္ထား ပါပဲ။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Credit:Cele Connections

Tik Tokဆော့တာ နဲ့ ပတ်သက်ပြီး ဝေဖန်နေသူ တွေကို ပြတ်ပြတ်သားသား ပြန်လည်တုံ့ပြန် လိုက်တဲ့ ချမ်းမီမီကို

သရုပ်ဆောင်နဲ့ မော်ဒယ်လ် ချမ်းမီမီကိုကတော့ ဆယ်ကျော် သက်အရွယ် ကတည်းက အနုပညာလောက ထဲကို ဝင်ရောက်လာခဲ့ပြီး လူသိများလာခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ချမ်းမီမီကိုက သူမအောင်မြင်နေဆဲ အချိန်မှာ (၂၀၁၄) ခုနှစ်မှာ လက်ထပ်ခဲ့ပြီးနောက် သားလေး တစ်ယောက်ကို မွေးဖွား ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အိမ်ထောင်နဲ့ ကွာရှင်းထား တဲ့ ချမ်းမီမီကိုက သူမရဲ့ဘဝကို အစကနေ စတင်ပြီး သားလေးတစ်ဖက်နဲ့ အနုပညာလောက ထဲကို ပြန်လည်ဝင် ရောက်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ဘုရားတရား လုပ်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတဲ့ ချမ်းမီမီကိုက အပျော် Tik Tok ရိုက်တာတောင် “ကွာရှင်းပြီးရူးသွား တာလား မသိဘူး” လို့ ပြစ်တင်ဝေဖန်သူနဲ့ ကြုံဆုံခဲ့ ရကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ “ကျွန်မ အသက်ငယ် သေးတယ်။ ကျွန်မ လုပ်သင့်တယ် ထင်ရင် လုပ်တယ်။ ကျွန်မအသက် ယခု အသက် နှစ်ဆယ့်ရှစ် အားလုံးကိုလေးစားတယ်။ ဘယ်သူဘာ အလုပ်လုပ်နေပါစေ။ တန်းတူပဲချစ်တယ်။ ဆင်းရဲချမ်းသာ နေပါစေ မခွဲခြားဘူး။ ဒါကျွန်မ ခံယူချက်ပါ။ Comment လေးတွေ့လို့ ကျွန်မ ဖျက်ဖို့ ကြိုးစားကြည့်တယ်။ သူတို့ရေးသားထားတဲ့အရာကို ကျွန်မလွယ်လင့်တကူ ဖျက်နိုင်မလားပေါ့။ ကျွန်မက Comment ကို ဇွတ်ပြောင်းဖို့ ကြိုးစားအားထုတ် နေသူဖြစ်နေတယ်ဆိုတာပဲ သူထက်ပိုမိုက်သွားမယ်။ ဒီတိုင်း အမှတ်တရလေးထား ထားတယ်။ ချစ်တယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ချမ်းမီမီကိုကတော့ အိမ်ထောင်နဲ့ကွာရှင်းပြီး အနုပညာလောက ထဲကို ပြန်လည်ဝင်ရောက်လာချိန်မှာ နွေးထွေးစွာ ကြိုဆိုသူတွေ ရှိသလို ပြစ်တင်ဝေဖန်သူတွေနဲ့လည်း ကြုံဆုံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကို အမုန်းနဲ့ဆက်ဆံသူကို ပြန်ပြီးမေတ္တာထား နိုင်တယ်ဆိုတာ ချမ်းမီမီကိုရဲ့ လေးစားဖွယ် စိတ်ထား ပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment