Celebrity
Written by Ms Cele
Credit:Swelsone News
volunteer လုပ်ရင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံရတယ် ဆိုတဲ့ ကျော်မင်းဦး
မြန်မာ့လက်ရွှေစင် ကစားသမား ဖြစ်တဲ့ ကျော်မင်းဦး ကိုတော့ ဘောလုံး လောကမှာ ပရိသတ်ကြီးလည်း သိကြမှာပါ။ ကျော်မင်းဦးက မြန်မာ့ဘောလုံး လောကမှာထူးချွန်သူတွေထဲမှာ တစ်ယောက် အပါအဝင်လည်းဖြစ်ပြီး သူပါဝင်ကစားတဲ့ ပွဲစဉ်တွေမှာလည်း အကောင်းဆုံး ခြေစွမ်းတွေပြသနိုင်တာကြောင့် ပရိသတ်တွေ ကရင်ထဲမှာ အားထားရတဲ့ ကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။ ကျော်မင်းဦး ကတော့ ကြော်ငြာများနဲ့ အနုပညာလုပ်ငန်းတွေကိုလဲ လုပ်ကိုင်လာနေပြီပဲဖြစ်ပါတယ်။
လတ်တလော မှာတော့ ကျော်မင်းဦးစာ ဧရာဝတီစင်တာမှာ volunteer လုပ်ရင်း ကိုဗစ်ကူးစက်ခံ ရတဲ့ အကြောင်းလေးပြောပြလာ ခဲ့ပါတယ်။ ကျော်မင်းဦးက ” “ဧရာဝတီ စင်တာမှာ Volunteer လုပ်ရင်း COVID-19 ကူးစက် ခံလိုက်ရတယ်။ Volunteer စလုပ် ကတည်းက COVID ကူးချင်ရင် ကူးပါစေ၊ လူအား နဲ့ ကူညီချင်လို့ လုပ်ဖြစ်ခဲ့တာပါ။ Positive ဖြစ်မှန်း သိရတော့ နည်းနည်း ကြောက်သွားတယ်။ ဒါပေမယ့် ကိုယ်ခံအား ကောင်းလို့ ဘာမှ မခံစားလိုက်ရဘူး။ အနံ့၊ အရသာ မပျောက်ဘူး။ နှာစေး၊ ချောင်းဆိုးလည်း မဖြစ်ဘူး” လို့ ပြောလာခဲ့ပါတယ်။
ပရိသတ်ကြီး အတွက် ဧရာဝတီ စင်တာမှာ Volunteer လုပ်ရင်း ကိုဗစ်ကူးစက်ခံ ခဲ့ရတဲ့အကြောင်းပြောပြ လာတဲ့ ကျော်မင်းဦးရဲ့ interview ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဖတ်ရှုအားပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်နော်။
Credit:Swelsone News
About the author
Ms Cele
Leave a Comment