Celebrity


Written by Ms Cele





Credit:Cele Gabar

We love ပရိသတ်တွေက သိန်းဆယ်ချီဆုချလို့ ပျော်ရွှင်မဆုံးဖြစ်နေတဲ့ ခင်ရတနာစိုး

The Voice Myanmar ပြိုင်ပွဲကနေတဆင့် ပရိသတ်တွေရဲ့အားပေးမှု အခိုင်အမာ ရရှိလာခဲ့တဲ့ ခင်ရတနာစိုးကတော့ လက်ရှိမှာ အနုပညာ လမ်းကြောင်းပေါ်ကို ဦးတည် လျှောက်လှမ်းနေပြီဖြစ်ပါတယ် ။ နီနီနဲ့အတူ သီချင်းတွေ လုပ်နေသလို အားပေးတဲ့ ပရိသတ်တွေ တစထက် တစ်စများပြားလာခဲ့တာကလည်း ပရိသတ်တွေအမြင်ပါပဲ ။

အထူးသဖြင့် ခင်ခင်ရဲ့ We Love ဖန်တွေ ကတော့ ခင်ခင်ပြိုင်ပွဲဝင်နေစဉ်ကာလထဲက ငွေအင်အားရော လူအင်အားရောပေးဆပ်ပြီး အားပေးချစ်ခင်ခဲ့ကြတာပါ ။ လတ်တလော မှာတော့ ခင်ခင်အတွက် We love ပရိသတ်တွေက ဆုငွေ ၁၅သိန်း ၃သောင်း ၉ထောင်ကျပ်ကို ဆုချခဲ့တယ်လို့သိရပါတယ် ။ We love admin ကိုသားသားမှ ထုတ်ယူပြီး ခင်ခင် ဆီကိုပေးအပ်သွား ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ် ။

ခင်ခင်ကတော့ သူမရဲ့ We love များကို ကျေးဇူးအထူးတင် ရှိကြောင်းနဲ့ သူမလိုအပ်တာသုံးဖြစ်ရင် ပရိသတ်ကို အသိပေးပါ့မယ်လို့လည်း သူမရဲ့လူမှုကွန်ရက် စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။ ခင်ခင်ရဲ့ ပရိသတ်တွေက သူမအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာကတော့ တကယ်ကို ကြည်နူးစရာပါပဲ ပရိသတ်ကြီးရေ ..။

Source : Khin Yadanar Soe
Credit:Cele Gabar

About the author

Ms Cele

Leave a Comment