Celebrity


Written by Ms Cele






We Love Fan Group ထဲက ပရိသတ်တွေ ကို တစ်သောင်းတန်တွေ မုန့်ဖိုးပေး ခဲ့တဲ့ ဖြူဖြူထွေး

ရိုးသားဖြူစင်ပြီး ပကာသန မရှိလို့ ပရိသတ်တွေချစ်ကြတဲ့ ဖြူဖြူထွေးက အခုဆိုရင် အနုပညာ လောကမှာ နေရာလေး တစ်နေရာ ရစပြုနေပြီ ဖြစ်ပါတယ်။ ဖြူဖြူထွေးက အောင်မြင်တဲ့ နေရာတစ်ခုကို ရရှိနေပြီး ပရိသတ် အခိုင်အမာရရှိနေပြီဆို ပေမယ့် သူမရဲ့ဘဝကို အရိုးရှင်းဆုံးသာ နေထိုင်နေလျက် ရှိပါတယ်။ ဖြူဖြူထွေးက သူမရရှိလာသမျှ အနုပညာကြေးတွေ ကိုလည်း တတ်နိုင်သလောက် ခွဲဝေလှူဒါန်းပေး နေတာကြောင့် ပရိသတ်တွေရဲ့ မေတ္တာကို ပိုလို့တောင် ရရှိနေတာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး က ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေး ကတော့ သူမရဲ့ We Love Fan Group ထဲက ပရိသတ်တွေကို အမြဲတမ်း အချိန်ပေးပြီး မိသားစုလို သဘောထားသူ တစ်ယောက်ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဖြူဖြူထွေးက သူမရဲ့ ချစ်ပရိသတ်တွေ ပျော်ရွှင်ရအောင် We Love Fan Group ထဲက အမာခံပရိသတ်တွေကို တစ်ယောက် ကို ငွေတစ်သောင်းကျပ်နှုန်းနဲ့ တစ်သောင်းတန်တွေ အထပ် လိုက် မုန့်ဖိုးပေးခဲ့တယ်လို့ သိရပါတယ်။

ဖြူဖြူထွေးတော့ အနီးအနားက လူတွေကိုလည်း အမြဲတမ်း လှူဒါန်းကုသိုလ် ယူမှုတွေကို ပြုလုပ်သလို သူမရဲ့ ဒုတိယမြောက်မိသားစုတွေဖြစ်ကြတဲ့ Fan Group ထဲက ပရိသတ်တွေ ကိုလည်း ပျော်ရွှင်ရအောင် ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ်။ စိတ်ထား ကောင်းတဲ့ ဖြူဖြူထွေးလေး တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေရရှိ ပိုင်ဆိုင်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆို င်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment