Local News

WHO ၏ ကိုဗစ္-၁၉ ကာကြယ္ ေဆး သန္း၂၀၀၀ ျဖန႔္ ေဝ ေပးမည့္ အစီ အစဥ္တြင္ ျမန္မာ ပါဝင္

Written by Ms Cele

WHO ၏ ကိုဗစ္-၁၉ ကာကြယ္ ေဆး သန္း၂၀၀၀ ျဖန႔္ ေဝ ေပးမည့္ အစီ အစဥ္တြင္ ျမန္မာ ပါဝင္

ကိုဗစ္-၁၉ ကပ္ေရာဂါ ျဖစ္ပြားမႈကို အျမန္ဆုံးထိန္းခ်ဳပ္နိုင္ရန္ အတြက္ သိပၸံပညာရွင္ မ်ားမွ လာမည့္ႏွစ္တြင္ လုံျခဳံစိတ္ခ်ရၿပီး ထိေရာက္ ေသာ ကာကြယ္ေဆးကို ထုတ္လုပ္ရန္ အၿပိဳင္အဆိုင္ အားထုတ္ႀကိဳးပမ္းလ်က္ ရွိေနၿပီး လာမည့္ႏွစ္တြင္ WHO မွ ကာကြယ္ေဆး သန္း( ၂၀၀၀ ) ျဖန႔္ေဝေပးမည့္ အစီအစဥ္ရွိေနၿပီး အဆိုပါအဖြဲ႕ဝင္နိုင္ငံမ်ားတြင္ ျမန္မာနိုင္ငံပါဝင္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ညႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးမွ ေျပာၾကားခဲ့ပါသည္။

COVAX အဖြဲ႕အစည္း သည္ ကာကြယ္ေဆးထိုး စီမံခ်က္၊ ကာကြယ္ေဆးထိုးလုပ္ငန္းမ်ားႏွင့္ ဆိုင္ေသာ အဖြဲ႕အစည္းျဖစ္ၿပီး ကိုဗစ္ ကာကြယ္ေဆးႏွင့္ ပတ္သက္၍ ေဆာင္ရြက္ ထားေသာ အဖြဲ႕အစည္းျဖစ္ကာ အလယ္အလတ္ႏွင့္ ဖြံ့ၿဖိဳးမႈေနာက္က်ေသာ နိုင္ငံမ်ားလည္း ပါဝင္ေၾကာင္း သိရွိရပါသည္။

COVAX အေနနဲ႔ အခု လက္ရွိမွာ ကကြယ္ေဆး စမ္းသပ္ ထုတ္လုပ္မႈ ေတြကို ေထာက္ပံ့ ေပးေနၿပီး ရင္းႏွီးမတည္တာေတြ လုပ္ေဆာင္ေန ပါတယ္။ ေဆးကုမၸဏီေတြနဲ႔ ကာကြယ္ေဆး ေဈးႏႈန္းကို ညႇိႏွိုင္းဖို႔ အတြက္လည္း လုပ္ေဆာင္ေနပါတယ္။

ေနာက္တစ္ခ်က္က နိုင္ငံတိုင္းမွာ ရွိေနတဲ့ ကိုဗစ္ ကူးစက္ခံရနိုင္ေျခမ်ား ေနသူေတြကိုလည္း ကာကြယ္ေဆး ရရွိေအာင္ လုပ္ေဆာင္ေပးသြား မွာျဖစ္ပါတယ္။ ကာကြယ္ေဆး က အခ်ိန္ကာလ ကြျခားနိုင္ေပမယ့္ ေရာက္ရွိလာမယ္ဆိုတာကေတာ့ ေသခ်ာသေလာက္ပါ။

(၉၂)နိုင္ငံတြင္ရွိေသာ လူဦးေရ (၂၀)%ကို လႊမ္းျခဳံနိုင္မည္ျဖစ္သည့္ အတြက္ ျမန္မာနိုင္ငံအေနႏွင့္ ပထမဦးစားေပး တြင္ က်န္းမာေရးေစာင့္ေရွာက္ မႈ ဝန္ထမ္းမ်ားကို လည္းေကာင္း၊ ဒုတိယဦးစားေပးအေနျဖင့္ သက္ႀကီးရြယ္အိုမ်ားျဖစ္ကာ တတိယဦးစားေပးအေနျဖင့္ ေရာဂါအခံရွိသူမ်ားကို အသီးသီးေရြးခ်ယ္ထားေၾကာင္း သိရွိရပါသည္။

WHO ၏ ကိုဗစ်-၁၉ ကာကွယ် ဆေး သန်း၂၀၀၀ ဖြန့် ဝေ ပေးမည့် အစီ အစဉ်တွင် မြန်မာ ပါဝင်

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရန် အတွက် သိပ္ပံပညာရှင် များမှ လာမည့်နှစ်တွင် လုံခြုံစိတ်ချရပြီး ထိရောက် သော ကာကွယ်ဆေးကို ထုတ်လုပ်ရန် အပြိုင်အဆိုင် အားထုတ်ကြိုးပမ်းလျက် ရှိနေပြီး လာမည့်နှစ်တွင် WHO မှ ကာကွယ်ဆေး သန်း( ၂၀၀၀ ) ဖြန့်ဝေပေးမည့် အစီအစဉ်ရှိနေပြီး အဆိုပါအဖွဲ့ဝင်နိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးမှ ပြောကြားခဲ့ပါသည်။

COVAX အဖွဲ့အစည်း သည် ကာကွယ်ဆေးထိုး စီမံချက်၊ ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် ဆိုင်သော အဖွဲ့အစည်းဖြစ်ပြီး ကိုဗစ် ကာကွယ်ဆေးနှင့် ပတ်သက်၍ ဆောင်ရွက် ထားသော အဖွဲ့အစည်းဖြစ်ကာ အလယ်အလတ်နှင့် ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများလည်း ပါဝင်ကြောင်း သိရှိရပါသည်။

COVAX အနေနဲ့ အခု လက်ရှိမှာ ကကွယ်ဆေး စမ်းသပ် ထုတ်လုပ်မှု တွေကို ထောက်ပံ့ ပေးနေပြီး ရင်းနှီးမတည်တာတွေ လုပ်ဆောင်နေ ပါတယ်။ ဆေးကုမ္ပဏီတွေနဲ့ ကာကွယ်ဆေး ဈေးနှုန်းကို ညှိနှိုင်းဖို့ အတွက်လည်း လုပ်ဆောင်နေပါတယ်။

နောက်တစ်ချက်က နိုင်ငံတိုင်းမှာ ရှိနေတဲ့ ကိုဗစ် ကူးစက်ခံရနိုင်ခြေများ နေသူတွေကိုလည်း ကာကွယ်ဆေး ရရှိအောင် လုပ်ဆောင်ပေးသွား မှာဖြစ်ပါတယ်။ ကာကွယ်ဆေး က အချိန်ကာလ ကွခြားနိုင်ပေမယ့် ရောက်ရှိလာမယ်ဆိုတာကတော့ သေချာသလောက်ပါ။

(၉၂)နိုင်ငံတွင်ရှိသော လူဦးရေ (၂၀)%ကို လွှမ်းခြုံနိုင်မည်ဖြစ်သည့် အတွက် မြန်မာနိုင်ငံအနေနှင့် ပထမဦးစားပေး တွင် ကျန်းမာရေးစောင့်ရှောက် မှု ဝန်ထမ်းများကို လည်းကောင်း၊ ဒုတိယဦးစားပေးအနေဖြင့် သက်ကြီးရွယ်အိုများဖြစ်ကာ တတိယဦးစားပေးအနေဖြင့် ရောဂါအခံရှိသူများကို အသီးသီးရွေးချယ်ထားကြောင်း သိရှိရပါသည်။

About the author

Ms Cele

Leave a Comment